International Celebrity: ဟီလာရီအတွက် တင်ပါးတွေလှုပ်ယမ်းလိုက်တဲ့ ဂျေလို

ဂျနီဖာလိုပက်ဇ် အပါအဝင် အနုပညာရှင်အတော်အများများက ဟီလာရီကို ထောက်ခံအားပေးကြပါတယ်။

play

 

အမေရိကန်သမ္မသစ် ရွေးကောက်တင်မြှောက်ဖို့ မဲပေးမယ့်ရက် နီးကပ်လာတာနဲ့အမျှ သမ္မတလောင်းနှစ်ဦးကို ထောက်ခံပွဲတွေလည်း အသီးသီး ကျင်းပလာကြပါတယ်။ စနေနေ့ညကတော့ မီယာမီမှာ ဟီလာရီကလင်တန်ကို ထောက်ခံအားပေးတဲ့ အနုပညာရှင်တွေက ဖျော်ဖြေခဲ့ကြပါတယ်။

play

 

ကွာရှင်းပြီးဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်နဲ့ ခင်ပွန်းဟောင်း မက်သ် အန်တိုနီတို့ဟာ ဟီလာရီအတွက် အထူးဖျော်ဖြေခဲ့ကြတာ တွေ့ရပါတယ်။ အလန်းစားအဆိုတော်မင်းသမီး ဂျနီဖာလိုပက်ဇ်ကတော့ ဝတ်စုံတွေ တစ်စုံပြီးတစ်စုံ ပြောင်းလဲဝတ်ဆင်ကာ ညီညာသွက်လက်တဲ့ ကကွက်တွေနဲ့အတူ တင်ဆက်ခဲ့ပါတယ်။

play

 

သူမ ချစ်ခင်လေးစားတဲ့ သမ္မတလောင်း ဟီလာရီအတွက် အစွမ်းကုန်ကို ဖျော်ဖြေသွားခဲ့တယ်လို့ ဆိုရမှာပါပဲ။

play

 

ဟီလာရီကလည်း စင်ပေါ်တက်ရောက်ကာ ဂျေလိုနဲ့ အန်တိုနီတို့ကို တရင်းတနှီး ပွေ့ဖက်နှုတ်ဆက်ကာ ပရိသတ်တွေကိုလည်း စကားပြောခဲ့ပါတယ်။

Source : People

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ