International Celebrity: ဒီဂျေအဖြစ်ကနေ ဟောလိဝုဒ်ရဲ့ နာမည်ကြီးမင်းသား ဖြစ်လာသူ

သားကြီး ဂျေဒန်စမစ်သ်ရော သမီးငယ် ဝီလ်လိုစမစ်သ်ကိုပါ လက်ဆင့်ကမ်းပေးနိုင်ခဲ့တဲ့ ဖခင်တစ်ဦးပါ။

play

 

ဟောလိဝုဒ်ရဲ့သရုပ်ဆောင်အကောင်းဆုံးနဲ့ နာမည်အကြီးဆုံး လူမည်းမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ Will Smith ဟာ ဖီလာဒဲလ်ဖီးယား အနောက်ပိုင်းမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။

play

 

အနုပညာလောကကို Jazzy Jeff ဆိုတဲ့ နာမည်နဲ့ DJ အဖြစ် စတင်ဝင်ရောက်ခဲ့သူပါ။ ၁၉၉၂ ခုနှစ်မှာစတင်ကာ မင်းသားအဖြစ် ရုပ်ရှင်ဇာတ်ကားတွေမှာ စတင်သရုပ်ဆောင်ခဲ့ပါတယ်။ Bad Boys, Independence Day ဇာတ်ကားတွေနဲ့နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ Men in Black သိပ္ပံအက်ရှင်ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါခဲ့ရာမှာလည်း ကြီးမားတဲ့ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

play

 

အဲ့ဒီ့နောက်မှာတော့ Ali, Men in Black 2, Bad Boys 2, I, Robot ဇာတ်ကားတွေနဲ့လည်း ဆက်လက်အောင်မြင်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာတော့ သူ့ရဲ့သားအကြီး Jaden Smith နဲ့ The Pursuit of Happiness ဇာတ်ကားမှာ အတူပါဝင်သရုပ်ဆောင်ဖြစ်ခဲ့ပြန်ပါတယ်။ I am Legend, Hancock, Men in Black 3, After Earth နဲ့ Focus ဇာတ်ကားတွေမှာလည်း ဆက်လက် အောင်မြင်ခဲ့ပါတယ်။

play

 

ဝီလ်ဟာ Suicide Squad စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကာမှာလည်း Focus တုန်းက အတူတွဲသရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Margot Robbie နဲ့ Deadshot ဆိုတဲ့ သေနတ်ပစ်သမားအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

play

 

Suicide Squad မှာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ထပ်မံရရှိခဲ့ပါတယ်။ အနုပညာထူးချွန်ဆု အများအပြား ပိုင်ဆိုင်ထားတဲ့ သူ ဟာ သူ့ရဲ့ အနုပညာပါရမီကို သားကြီး ဂျေဒန်စမစ်သ်ရော သမီးငယ် ဝီလ်လိုစမစ်သ်ကိုပါ လက်ဆင့်ကမ်းပေးနိုင်ခဲ့တဲ့ ဖခင်တစ်ဦးပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ