International Celebrity: ဂျက်စတင်ဘီဘာရဲ့ ပရိသတ်တစ်ဦးကို တံထွေးနဲ့ထွေးလိုက်တဲ့ သူ့ရဲ့သက်တော်စောင့်

သူမရဲ့ဖုန်းကို ရိုက်ခွဲလိုက်သလို ရေနဲ့လည်း ပက်ခဲ့ပါတယ်။

play

 

ဂျက်စတင်ဘီဘာရဲ့ ပရိသတ်တစ်ဦးက ဘီဘာကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားတဲ့အတွက် သူ့ရဲ့သက်တော်စောင့်က သူမကို တံတွေးနဲ့ထွေးပြီး ဖုန်းကို ရိုက်ခွဲဖို့ ကြိုးစားခဲ့ပါတယ်။

play

 

ဂျေဘီကို ဓာတ်ပုံတစ်ပုံ ရိုက်ဖို့ ကြိုးစားမိတဲ့အတွက် ယင်းအမျိုးသားက သူမကို "ထွက်သွားစမ်း" လို့လည်း အော်ဟစ်ခဲ့တဲ့အတွက် သူမမှာ ရှက်လွန်းလို့ မျက်ရည်တွေတောင်ကျခဲ့ကြောင်း ဂျော်ဒါနီယာဝီလျံဆန်ဆိုတဲ့ မိန်းကလေးက ပြောပြခဲ့ပါတယ်။

play

ဂျော်ဒန်နီယာနဲ့ သူမရဲ့သူငယ်ချင်း ၄ ဦးဟာ ဂျေဘီကို ဓာတ်ပုံရိုက်ရဖို့  VIP ဧရိယာအစွန်းကို သွားစောင့်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

ဒါပေမဲ့ ဂျေဘီကို မြင်လိုက်ချိန်မှာ Snapchat ဗီဒီယိုရိုက်မယ်ဆိုပြီး အိုင်ဖုန်းကို မြှောက်လိုက်ချိန်မှာတော့ သူ့ရဲ့သက်တော်စောင့်တစ်ဦးက သူမရဲ့ရှေ့ကို ပိတ်ရပ်လိုက်ပြီး သူမကို တံတွေးနဲ့ ထွေးလိုက်တာ ဖြစ်ပါတယ်။

play

 

ဂရိတ်တားမန်ချက်စတာမြို့မှာနေထိုင်တဲ့ ဂျော်ဒန်နီယာဟာ ယင်းဖြစ်ရပ်ကြောင့် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

ဂျော်ဒန်နီယာရဲ့ပြောစကားအရ ထိုလူဟာ သူမရဲ့ ဖုန်းကိုလည်း ကြမ်းပြင်ပေါ် ပစ်ပေါက်ခဲ့ပြီး ရေနဲ့လည်း ပက်ခဲ့တယ်လို့ သိရပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ