AD
AD
AD
play

 

ဂျက်စတင်ဘီဘာနဲ့လည်း တွဲခဲ့ဖူးတဲ့ အသက် ၃၇ နှစ်အရွယ် ကော့တနီကာဒါရှီယန်ဟာ ယခုလည်း အသက် ၂၃ နှစ်အရွယ် မော်ဒယ် ယူးနက်စ်ဘန်ဂျီမာနဲ့ တွဲသွားတွဲလာလုပ်နေတာကို မြင်တွေ့လိုက်ရပါတယ်။

play

 

လက်ဝှေ့သမားအဖြစ်ကနေ မော်ဒယ်ဘက်ကို ကူးပြောင်းလာတဲ့ ယူးနက်စ်ဘန်ဂျီမာဟာ နာမည်ကြီး Victoria's Secret မော်ဒယ် ဂျော်ဒန်ဒန်းနဲ့ တွဲပြီး ပြတ်သွားတာ တစ်ပတ်ပဲ ရှိပါသေးတယ်။

play

 

ကလေးသုံးယောက်မိခင် ကော့တနီဟာ ယူးနက်စ်နဲ့ Paris Fashion Week မှာ စုံတွေခဲ့ကြပြီး ကော့တနီနဲ့ တွဲဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က ကော့တနီရဲ့ညီမ ကင်မ်ကာဒါရှီယန် ဓားပြတိုက်ခံလိုက်ရတဲ့အချိန်ပါ။

သူမရဲ့ ပူပူနွေးနွေး ရည်းစားဟောင်းက သူ့ထက် ၁၄ နှစ်ကြီးတဲ့ ကော့တနီကာဒါရှီယန်နဲ့ တွဲနေတယ်ဆိုတဲ့သတင်းဟာ ယူးနက်စ်နဲ့ ၁၈ လကြတွဲခဲ့ရတဲ့ ဂျော်ဒန်ဒန်းအတွက် တုန်လှုပ်စရာသတင်းဖြစ်မှာအမှန်ပါပဲ။

play

 

ဂျော်ဒန်ဒန်းနဲ့ ယူးနက်စ်တို့ရဲ့ အချစ်ရေးဟာ များပြားလှတဲ့ အလုပ်တွေကြောင့်သာ အက်ကြောင်းထင်သွားခဲ့ရခြင်း ဖြစ်တယ်လို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

ရည်းစားနဲ့ ပြတ်တာ တစ်ပတ်သာရှိသေးတဲ့ ယူးနက်စ်ဟာ ကော့တနီကိုလည်း တော်တော်လေးသဘောကျနေကြောင်း သိရပါတယ်။

Source & Photos : Daiy Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD