မက်ဒေါနားရဲ့သားဖြစ်သူ ရိုကိုဟာ အသက် ၁၆ နှစ်သာ ရှိသေးပေမဲ့ ဆေးခြောက် လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရပါတယ်။ သားဖြစ်သူအတွက် ဘာမဆိုလုပ်မှာပဲလို့ မက်ဒေါနားက မိခင်စိတ်အပြည့်နဲ့ ပြောလိုက်ပါတယ်။ ရိုကိုဟာ ဖခင်ဖြစ်သူ ဂိုင်းရစ်ချီနဲ့အတူ လန်ဒန်မှာနေထိုင်စဉ် စက်တင်ဘာ ၂၈ ရက်က ဆေးခြောက်အနည်းငယ် လက်ဝယ်ပိုင်ဆိုင်ထားတဲ့အတွက် အဖမ်းခံခဲ့ရတာပါ။

play

 

" ကျွန်မသားကို အရမ်းချစ်တယ်။ သူလိုအပ်တာမှန်သမျှ ထောက်ပံ့ပေးဖို့အတွက် ကျွန်မ ဘာမဆိုလုပ်မှာပဲ" လို့ အသက် ၅၈ နှစ်အရွယ် ပေါ့ပ်ဘုရင်မကြီးက ပြောခဲ့ပါတယ်။ သူမတို့မိသားရဲ့ ပုဂ္ဂိုလ်ရေးကိုအလေးထားပေးဖို့အတွက်လည်း မက်ဒေါနားက မီဒီယာတွေကို တောင်းဆိုထားပါတယ်။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video