International Celebrity: မရိုင်ယာကာရီရဲ့ဓာတ်ပုံတစ်ပုံ ပရိသတ်တွေလှောင်ပြောင်နေကြ

အမြင်စူးရှသူမှ သတိထားမိပါလိမ့်မယ်။

play

အဆိုတော် မရိုင်ယာကာရီက ခန္ဓာကိုယ်အလှတွေ ဖော်ပြထားတဲ့ ဓာတ်ပုံတစ်ပုံကို အွန်လိုင်းပေါ်မှာ တင်ခဲ့ရာက လူကြိုက်ရမယ့်အစား အလှောင်ခံနေရပါတယ်။ ကျေးဇူးတော်နေ့ အထိမ်းအမှတ်ပွဲကို ရင်းနှီးသူတွေနဲ့ ဆင်နွှဲစဉ်က ရိုက်ထားခဲ့တဲ့ပုံပါ။

play

 

ပုံထဲမှာတော့ မရိုင်ယာက ပိုင်မုန့်လေးကို လက်တစ်ဖက်ကကိုင် ကျန်လက်တစ်ဖက်မှာ ခရင်မ်ဘူးလေးကို ကိုင်ကာ ပြုံးထားပါတယ်။ ဒါပေမဲ့ သူမရဲ့ကိုယ်ခန္ဓာကို ပုံထဲမှာပိုလှအောင် ပြုပြင်ရာမှာ မသေသပ်ခဲ့ရှာပါဘူး။ ပေါင်တံသွယ်အောင်ပြင်ရင်း နောက်မှာရှိတဲ့ဗီရိုရဲ့ မျဉ်းတွေပါ ကွေးသွားပါတော့တယ်။ ပုခုံးမှာလည်း ချိုင့်ခွက်သွားအောင်ကို ပြင်လိုက်မိတာကြောင့် ပရိသတ်တွေက မရိုင်ယာကို လှောင်နေကြပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ