International Celebrity: ဂျက်စတင်ဘီဘာက ပရိသတ်ကိုလက်သီးနဲ့ထိုးတာကို နားလည်ပေးနေတဲ့ရီတာ

ကိုယ့်ကိုယ်ကိုယ်ကာကွယ်မိသွားတာပါလို့ သူမက ပြောပါတယ်။

play

ပြီးခဲ့တဲ့အင်္ဂါနေ့က ဘာစီလိုနာမြို့မှာ ပရိသတ်တစ်ဦးကို ဂျက်စတင်ဘီဘာက လက်သီးနဲ့ထိုးပြီး ထွက်သွားခဲ့တဲ့သတင်းက အတော်လေးလူပြောများခဲ့ပါတယ်။ ဂျေဘီရဲ့လုပ်ရပ်ကို သဘောမကျသူတွေများနေပေမဲ့ အဆိုတော်သရုပ်ဆောင် ရီတာအိုရာကတော့ သူမအနေနဲ့ ကိုယ်ချင်းစာနားလည်ပေးနိုင်တယ်လို့ ဆိုလေရဲ့။

play

 

"ကျွန်မက ဘယ်သူ့အတွက်မှပြောနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူနဲ့သူ့နောက်ခံအကြောင်းတွေကိုတော့ သိပါတယ်။ အဲ့ဒီလိုမျိုးခံစားချက်က ဘယ်လောက်တောင် သက်တောင့်သက်သာမဖြစ်ဘဲ ကြောက်လန့်ရတယ်ဆိုတာတော့ သိပါတယ်။ တစ်စုံတစ်ယောက်ရဲ့လက်က ကိုယ့်မျက်နှာဆီရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကာကွယ်မိသွားတာပါပဲ" လို့ သူမက ပြောပါတယ်။ ၁၈ နှစ်အရွယ် အမျိုးသားပရိသတ်တစ်ဦးဟာ ထွက်ခွာစပြုနေတဲ့ကားထဲကို အတင်းခေါင်းထိုးဝင်ခဲ့စဉ် ဂျေဘီက လက်သီးနဲ့ထိုးလိုက်တာကြောင့် နှုတ်ခမ်းပေါက်သွားခဲ့တာဖြစ်ပါတယ်။

Source : Metro

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ