International Celebrity: လူမှုကွန်ရက်ပေါ်မှာ တစ်ကျော့ပြန်လည် လှုပ်ရှားလာတဲ့ ဆယ်လီနာဂိုးမက်စ်

သူမအတွက် ယခုနှစ်က အခက်ခဲဆုံးနှစ်ဖြစ်ခဲ့ပါတယ်။

play

အနုပညာအလုပ်တွေ ရပ်နားပြီး ပြန်လည်ထူထောင်ရေးစခန်းကိုပါ သွားခဲ့ရတဲ့ ဆယ်လီနာဂိုးမက်စ်ဟာ လူမှုကွန်ရက်တွေပေါ်မှာ တိတ်ဆိတ်နေခဲ့မှုကို ဖြိုခွင်းလိုက်ပါပြီ။ အင်စတာဂရမ်မှာ follower အများဆုံးရထားသူဆိုတော့ အင်စတာဂရမ်အကောင့်ကိုပဲ အရင်ဆုံးသုံးလိုက်ပါတယ်။ ကြာသပတေးနေ့က ဆယ်လီနာရဲ့အင်စတာဂရမ်ပေါ်မှာ ပရိသတ်တွေနဲ့အတူရိုက်ထားတဲ့ ပုံတစ်ပုံကိုတင်ထားတာ တွေ့ရပါတယ်။

play

 

သူမအတွက် ယခုနှစ်က အခက်ခဲဆုံးနှစ်ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ခက်ခဲလွန်းတဲ့နှစ်ဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ခက်ခဲမှုတွေကို တိုက်ထုတ်လိုက်နိုင်ခဲ့ပြီလို့လည်း ရေးထားပါတယ်။ ဆယ်လီနာဟာ လူးပတ်စ်ရောဂါကြောင့် အနုပညာအလုပ်တွေ နားထားပေမဲ့လည်း ယခုနှစ် အမေရိကန်ဂီတဆုပေးပွဲမှာတော့ လူကြိုက်အများဆုံးအမျိုးသမီးအဆိုရှင် (ပေါ့ပ်/ရော့ခ်) ဆုကိုလည်း ဆွတ်ခူးသွားခဲ့ပါသေးတယ်။

Source : Selena Gomez Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ