International Celebrity: ကမ်းခြေမှာ မလှုပ်မယှက် ငြိမ်သက်ရပ်တန့်သွားကြတဲ့ တေလာဆွစ်တို့ သူငယ်ချင်းတစ်သိုက်

Mannequin Challenge က လတ်တလော အွန်လိုင်းမှာ ရေပန်းစားနေပြန်ပါတယ်။

play

တေလာဆွစ်ရဲ့ ကျော်ကြားမှုတွေထဲမှာ မိန်းကလေးသူငယ်ချင်းတစ်သိုက် အမြဲတမ်းဝန်းရံနေကြတာကလည်း အမှတ်အသားတစ်ခုပါပဲ။ ကျေးဇူးတော်နေ့ အားလပ်ရက်မှာလည်း သူငယ်ချင်းတစ်သိုက်နဲ့အတူ သူမ ပိုင်ဆိုင်တဲ့ ရိုဒီကျွန်းကအိမ်မှာ အနားယူပျော်ရွှင်ခဲ့ကြပါတယ်။ ဆယ်လီသူငယ်ချင်းတွေဖြစ်ကြတဲ့ လီလီဒေါ်နယ်လ်ဆန်၊ မာသာဟန့်၊ ဂျာရီဟေလီ၊ လီယာ့ရ် မက်ကာသီတို့နဲ့အတူ သူမရဲ့မောင်လေး အော်စတင်ဆွစ်ဖ်၊ အဆိုတော် တော့ဒ်ရစ်ဟောတို့ အတူသွားခဲ့ကြတာပါ။

play

 

အပေါင်းအသင်း အခြံအရံတွေနဲ့ အမြဲတမ်းပျော်မြူးလေ့ရှိသူပီပီ လတ်တလော အွန်လိုင်းမှာ ရေပန်းစားနေတဲ့ Mannequin Challenges ကိုလည်း ဝင်နွှဲလိုက်ပါသေးတယ်။ ပုံမှန်အတိုင်း လှုပ်ရှားနေရင်း ရုတ်တရက် ကျောက်ရုပ်တွေလို လှုပ်ရှားမှုတွေ ရပ်တန့်သွားတာပါ။

 

ကမ်းခြေမှာ ဓာတ်ပုံရိုက်သူကရိုက်၊ ကတဲ့လူက ကနေရင်း ရုတ်တရက် ရပ်တန့်သွားကြပြီးမှ သီချင်းဖွင့်ပြီး ပြန်လည်ကခုန်ခဲ့ကြပါတယ်။ တေလာဆွစ်ကတော့ မြီးကောင်ပေါက်မလေးလို အူမြူးနေခဲ့တာကိုလည်း သူမရဲ့အင်စတာဂရမ်ပေါ်မှာ ဗီဒီယိုတင်ထားခဲ့ပါတယ်။

Source : Popsugar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ