International Celebrity: ဆောလီနဲ့ချွိုင်ဇာတို့ ပြတ်သွားတယ်ဆိုတာ ကောလာဟလသာဖြစ်

အသက် ၁၀ နှစ်ကျော် ကွာတာကြောင့် ဆောလီရဲ့ပရိသတ်တွေကတော့ သူတို့နှစ်ဦးကို သိပ်ပြီးသဘောမတူချင်ကြပါဘူး။

play

f(x) အဖွဲ့ဝင်ဟောင်း ဆောလီ ဆေးရုံတင်လိုက်ရတဲ့ သတင်းနဲ့အတူ ဆောလီဟာ အသည်းကွဲလို့သာ သေကြောင်းကြံတာဆိုပြီး သတင်းတွေထွက်ခဲ့ပါတယ်။ ဆောလီနဲ့ ချွိုင်ဇာတို့ ပြတ်သွားပြီဆိုတာ မဟုတ်မှန်ကြောင်း ရင်းနှီးသူတစ်ဦးက All Kpop ကို အတည်ပြုပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃/၄ ရက်ကတောင် သူတို့နှစ်ဦးကို ချစ်ချစ်ခင်ခင် မြင်တွေ့ခဲ့ကြရသလို နှစ်ယောက်စလုံးကလည်း မခွဲချင်ကြဘူးလို့ ဆိုပါတယ်။

play

 

ဆောလီကတော့ သူမရဲ့လက်ကောက်ဝတ်ကို မတော်တဆ ထိခိုက်မိပြီး ပြတ်ရှသွားတာဖြစ်လို့ ပရိသတ်တွေအနေနဲ့ စိတ်မပူဖို့ကို အင်စတာဂရမ်မှာ အသိပေးထားပါတယ်။ ကျန်းမာရေးအခြေအနေလည်း ကောင်းမွန်လာပါပြီ။ ချွိုင်ဇာက ဆောလီထက် အသက်ကြီးတာကြောင့် ဆောလီရဲ့ပရိသတ်တွေကတော့ သူတို့နှစ်ဦးကို သိပ်ပြီးသဘောမတူကြရာက လမ်းခွဲပြီဆိုပြီး သတင်းတွေလွှင့်ခဲ့ကြတာပါ။

Source : All Kpop

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ