ဗြိတိန်တော်ဝင်မျိုးနွယ်ဝင် မင်းသမီး ဘီယားထရစ်နဲ့ အတူရှိနေစဉ် မင်းသမီးလက်ထဲကဓားဟာ အက်ဒ်ရှီယန်ရဲ့မျက်နှာကို ထိမိသွားခဲ့တာပါ။ အဒ်က မင်းသမီးရဲ့နောက်မှာ ရှိနေတာကို မင်းသမီးက သတိမထားမိဘဲ ဓားကိုမြှောက်မိစဉ်မှာ အက်ဒ်ရဲ့ပါးပြင်ဟာ မင်းသမီးရဲ့ဓားနဲ့ ခြစ်မိသွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

play
The Sun သတင်းဌာနက ပုံဖော်ထားစဉ်

 

မင်းသမီးက ပါတီပွဲတစ်ခုမှာ အဆိုတော် ဂျိမ်းဘလန့်ကို ဓားတင်ပြီး ဆာဘွဲ့ (သူကောင်းဘွဲ့) နှင်းအပ်သယောင် နောက်ပြောင်နေစဉ် အဒ်ရှီယန်ရဲ့ပါးကို မတော်တဆ ထိမိသွားခဲ့တာဖြစ်ပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ စနောက်ရင်းနဲ့ပဲ ပါတီကို ဆက်လက်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။ ဘီယားထရစ်ယာ ယော့ခ်မြို့စား မင်းသားအန်ဒရူးရဲ့ သမီးတော်ဖြစ်ပြီး ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ မြေးတော်တွေထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video