International Celebrity: လူးဝစ်ဟမ်မင်တန်ကို ပြည်ပအထိ သွားရောက်အားပေးခဲ့တဲ့ ရီတာအိုရာ

နှစ်ယောက်သား သို့လောသို့လော ထင်စရာပါပဲ။

play

ညှို့အားပြင်းတဲ့ အဆိုတော်သရုပ်ဆောင်မလေး ရီတာအိုရာဟာ ပြိုင်ကားမောင်းချန်ပီယံ လူးဝစ်ဟမ်မင်တန်ကို Formula One Grand Prix ပြိုင်ပွဲဝင်ရာ အဘူဒါမြို့အထိ သွားရောက်အားပေးခဲ့ပါတယ်။ ရီတာက အဖြူရောင် ဂါဝန်တိုလေးကို ဒူးအထိရောက်တဲ့ လည်ရှည်ဖိနပ်နဲ့ ဖက်ရှင်ကျကျ တွဲဖက်ဝတ်ဆင်ကာ လူးဝစ်ပြိုင်ပွဲဝင်တာကို အားပေးခဲ့တာပါ။

play

 

ရီတာတင်သာမက သူမရဲ့မိသားစုဝင်အချို့ပါ သွားရောက်အားပေးခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲမှာတော့ လူးဝစ်ဟမ်မင်တန် အနိုင်မရခဲ့ပါဘူး။

play

 

လူးဝစ်ဟမ်မင်တန်ကို အဘူဒါဘီအထိ သွားရောက်အားပေးခဲ့တာကြောင့် ရီတာဟာ လူးဝစ်အပေါ် ခံစားချက်တွေ ရှိနေသလားဆို စဉ်းစားစရာပါပဲ။ နှစ်ယောက်သား မကြာခဏ တွေ့ဆုံကြပေမဲ့ ချစ်သူတွေဖြစ်နေကြောင်းတော့ တစ်ခါမှအတည်မပြုခဲ့ကြပါဘူး။ ပြီးခဲ့တဲ့လက ရောမမြို့မှာ အန်ဒရူးဝပ်နဲ့ အနမ်းဖလှယ်ခဲ့တဲ့ ရီတာကလည်း ခုတော့ လူးဝစ်ကိုအထူးတလည် သွားရောက်အားပေးနေခဲ့ပြန်ပါတယ်။

Source : Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ