International Celebrity: တောင့်တောင့်ဖြောင့်ဖြောင့်ကောင်လေးနဲ့ နှစ်ယောက်တည်းညစာစားတဲ့ ဘရစ်တနေစပီးယားစ်

Slumber Party သီချင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ကောင်လေးပါ။

play

 

အဆိုတော် ဘရစ်တနေစပီးယားစ်ကတော့ ချစ်ရမယ့်လူ အသစ်တွေ့သွားပုံရပါတယ်။ သူမရဲ့ နောက်ဆုံးထွက် သီချင်းဗီဒီယိုထဲမှာ အတူသရုပ်ဆောင်ခဲ့တဲ့ ငယ်ငယ်ချောချော ကောင်းလေးနဲ့ ဘရစ်တနေတို့ စနေညတုန်းက နှစ်ယောက်တည်း ညစာအတူစားခဲ့ကြောင်း TMZ သတင်းက ဖွင့်ချလိုက်ပါတယ်။ Daily Mail ကတော့ ဒါဟာ ဒုတိယမြောက် ညစာအတူထွက်စားကြတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

play

 

Sam Asghari ဟာ ဘရစ်တနေနဲ့ တီနာရှီတို့ရဲ့ Slumber Party သီချင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ဘရစ်တနေနဲ့ နှစ်ယောက်တည်း သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဘရစ်တနေရဲ့ လေ့ကျင့်ရေးနည်းပြလည်းဖြစ်ပါတယ်။ စနေညမှာတော့ ဆူရှီအတူစားရင်း ပျော်ရွှင်နေတာကို ဓာတ်ပုံထဲမှာ မြင်တွေ့ရပါတယ်။

Source : TMZ

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ