International Celebrity: ဂျိုလီနဲ့ လုံးဝမတူသူကိုသာ တွဲချင်တဲ့ ဘရတ်ပစ်

ဂျိုလီနဲ့လို ဒရမ်မာတွေ မဖြစ်ချင်တော့ပါဘူး။

play

 

အသက် ၅၂ နှစ်အရွယ် ဟောလိဝုဒ်မင်းသား ဘရတ်ပစ်ဟာ ဇနီးဟောင်း အန်ဂျလီနာဂျိုလီနဲ့ ရှုပ်ထွေးလှတဲ့ ကွာရှင်းပြတ်စဲမှုတွေကြားမှာ နောက်ထပ် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ဖို့အတွက် အဆင်သင့်မဖြစ်နိုင်သေးပေမဲ့ သူဘာလိုချင်သလဲဆိုတာ သိသူပါ။

"အန်ဂျလီနာက သူ့ဘဝကို တစ်စစီဖြစ်အောင် ဖျက်ဆီးပစ်လိုက်တဲ့အတွက် ဘရတ် နလန်မထူနိုင်သေးပါဘူး။ ဒါပေမဲ့ အချိန်တန်ရင်တော့ သူ ချစ်သူရှာမှာပါ" လို့ ဘရတ်ပစ်နဲ့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့ပါတယ်။

play

 

"သေချာတာတစ်ခုကတော့ သူ နောက်ရွေးချယ်မယ့် အမျိုးသမီးဟာ အန်ဂျလီနာနဲ့ လုံးဝတူတဲ့သူ ဖြစ်မှာ မဟုတ်ဘူး။ သူမရဲ့ညှို့ဓာတ်ကြားမှာ ပိတ်မိခဲ့ပြီး ဒရမ်မာတွေကြားမှာ နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ရပေမဲ့ အခုတော့ သူ့နားမှာ အကောင်းမြင်စိတ်ရှိသူတွေပဲ သူက ရှိစေချင်တော့တာ။ ဘရတ်က သူ့ဘဝကို အလင်းရောင်ယူဆောင်လာပေးမယ့်သူကိုပဲ ရှာတေ့မှာပါ။ ရိုးရှင်းမှု၊ ကြင်နာချစ်ခင်မှုတွေကိုပဲ သူလိုချင်တော့တယ်" လို့ ထိုသူက ပြောပြခဲ့ပါတယ်။

play

 

ဘရတ်ပစ်ဟာ မင်းသမီး ကိတ်ဟက်ဆန်နဲ့ တိတ်တဆိတ်တွဲနေတယ်လို့ ဒီရက်ပိုင်းအတွင်း သတင်းထွက်ခဲ့ပေမဲ့ Woman's Day သတင်းဌာနကတော့ ဒီသတင်းဟာ လုံးဝမဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။

Source & Photos : Hollywood

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ