AD
AD
AD
play


အမိုက်စား အလန်းစား အဆိုတော် မိန်းကလေးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဗြိတိန်သူအဆိုတော်လေး ရီတာအိုရာဟာ ပရစ္စတီးနားမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး သူမရဲ့မိခင်က ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့ပြီး တေးသီချင်းသီဆိုမှုတွေ ရှိခဲ့ပေမဲ့ အောင်မြင်မှုသိပ်မရခဲ့ပါဘူး။

Rita Ora - Body on Me

 

 

၂၀၁၂ ခုနှစ်မှာတော့ သူမရဲ့ Ora တေးအယ်လ်ဘမ် ထွက်ရှိရာ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကို စတင်ရရှိခဲ့ပါတယ်။ အဲဒီ အယ်လ်ဘမ်ထဲက I Will Never Let You Down, Poison, Body on Me သီချင်းတွေက လူကြိုက်အများဆုံး သီချင်းတွေဖြစ်လာခဲ့ကာ Billboard စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဆိုတော် Iggy နဲ့အတူ Black Widow သီချင်းထွက်ရှိပြီးတဲ့နောက်မှာလည်း အောင်မြင်မှုတွေ ဆက်လက် ရရှိခဲ့ပါတယ်။

 

 

သူမဟာ Fast & Furious 6 ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်ခဲ့သူပါ။ ၂၀၁၅ ခုနှစ်မှာတော့ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ အထူးခြားဆုံးနဲ့ နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ Fifty Shades of Grey ရုပ်ရှင်ဇာတ်ကားမှာလည်း ရီတာအိုရာက Grey ရဲ့ညီမ Mia Grey အဖြစ် ဇာတ်ဝင်ခန်းအနည်းငယ်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားရဲ့နောက်ဆက်တွဲ Fifty Shades Darker နဲ့ Fifty Shades Freed မှာလည်း ရီတာအိုရာ ဆက်လက် ပါဝင်ဦးမှာပါ။

play


သူမဟာ အနုပညာထူးချွန်ဆု ၈ ခု ရရှိထားသူလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စတင်တော့မယ့် America's Next Top Model Cycle 23 မှာလည်း ပွဲစီစဉ်သူအဖြစ် ရီနာအိုရာကို မြင်တွေ့ရဦးမှာပါ။ သူမဟာ ကမ္ဘာကျော် DJ ကယ်လ်ဗင် ဟားရစ်ဇ်နဲ့ ချစ်ကြိုးသွယ်ခဲ့ဖူးသလို နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာတစ်ဦးနဲ့လည်း ၂၀၁၅ ခုနှစ်အထိ တွဲခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD