International Celebrity: ကိုရီးယားမင်းသား ဂျောင်အီဝူး ဦးနှောက်ပိုင်းဆိုင်ရာရောဂါဖြစ်

အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားပါ။

play

 

တောင်ကိုရီးယားမင်းသား ဂျောင်အီဝူးဟာ ဦးနှောက်သွေးခဲမှုပြဿနာနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အီဝူးဟာ ဒီဇင်ဘာလထဲမှာပဲ စစ်မှုထမ်းရတော့မှာပါ။ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်လောက်တဲ့အထိ ဖြစ်နေပေမဲ့ အီဝူးကတော့ စစ်မှုထမ်းမှာပဲလို့ ဆိုနေပါတယ်။ သူ့ရဲ့ကျန်းမာရေးကြောင့် တာဝန်အပြည့်အဝ မထမ်းဆောင်ဘူးဆိုရင် ရှက်စရာကောင်းတယ်လို့ ပြောခဲ့ကြောင်း အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

 

အီဝူးဟာ ၂၀၀၆ ခုနှစ်တုန်းက ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဆိုးဆိုးရွားရွားဒဏ်ရာရခဲ့ဖူးပါတယ်။ ယင်းကားပေါ်မှာ လီမင်ဟိုလည်း ပါခဲ့ပြီး မင်ဟိုက ပေါင်ရိုးနဲ့ ခြေကျင်းဝတ်အရိုးကျိုးခဲ့သလို အီဝူးမှာလည်း လက်ကောက်ဝတ်ထိခိုက်ခဲ့ကာ တင်ပဆုံရိုးလည်း အက်သွားလို့ ၇ လလောက် ဆေးရုံတက်ခဲ့ရတာပါ။ နောက်ဆက်တွဲအနေနဲ့လည်း ခေါင်းကိုက်မှုကို ၃ နှစ်လောက် ခံစားနေခဲ့ရပြီး ရက်ပိုင်းအတွင်းမှာတင် အသေးစိတ် ဆေးစစ်ခဲ့လို့ ဦးနှောက်ထဲမှာ သွေးခဲနေတာကို သိခဲ့ရတာဖြစ်ပါတယ်။

Source : Soompi, Koreaboo

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ