International Celebrity: ဓာတ်ပုံစာအုပ် ထုတ်တော့မယ်လို့ ဘရွတ်ကလင်းဘက်ခမ်း ကြေညာ

သူ့ရဲ့ဓာတ်ပုံရိုက် ကျွမ်းကျင်မှုကို မြင်တွေ့ရတော့မှာပါ။

play

 

အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်းဘက်ခမ်းက ကြိုးပမ်းမှုရဲ့အသီးအပွင့်ကို မကြာခင်ခံစားရတော့မှာပါ။

ဒေးဗစ်နဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့သားကြီးဟာ What I See လို့ အမည်ပေးထားတဲ့ သူ့ရဲ့ဓာတ်ပုံစာအုပ်ကို ၂၀၁၇ ခုနှစ် မေလမှာ စတင်ဖြန့်ချိတော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ယင်းစာအုပ်ထဲမှာ သူကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါင်း ၃၀၀ ပါဝင်မှာ ဖြစ်ပါတယ်။

play

 

ဘရွတ်ကလင်းရဲ့ မျက်လုံးတွေကနေ ဖြတ်ပြီး ကမ္ဘာကြီးကို မြင်ခွင့်ရတော့မယ်လို့ Penguin Random House ထုတ်လုပ်ရေးက ကဗျာဆန်ဆန် ကြော်ငြာထားပါတယ်။

ဘရွတ်ကလင်းကလည်း ယင်းသတင်းကို သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ မျှဝေထားပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ