International Celebrity: ကဲ့ရဲ့ခံနေရတဲ့ မရိုင်ယာကာရီရဲ့ ဘီကီနီဓာတ်ပုံ

ဖိုတိုရှော့သုံးထားတာ များတယ်လို့ ပြောနေကြပါတယ်။

play

 

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ပြုပြင်ထားမှန်း သိသာလွန်းတဲ့ ပုံတစ်ပုံကြောင့် မရိုင်ယာကာရီတစ်ယောက် ဆိုရှယ်မီဒီယာမှာ ရှုံ့ချခံခဲ့ရဖူးပါတယ်။

နိုဝင်ဘာလ ၂၉ ရက်နေ့က အင်စတာဂရမ်မှာ သူမ တင်လိုက်တဲ့ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံကလည်း ဖိုတိုရှော့ သုံးထားပြန်တယ်လို့ ထပ်မံစွပ်စွဲခံလိုက်ရပြန်ပါပြီ။

play

 

ဒီပုံထဲမှာ အသက် ၄၆ နှစ်အရွယ် အဆိုတော် မရိုင်ယာရဲ့ ဗိုက်ဟာ အရမ်းကို ချောမွေ့နေပြီး သူမရဲ့ပေါင်တံတွေက သွယ်လျနေပါတယ်။

ပရိသတ်က ချက်ချင်းသတိထားမိပြီး မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

play

 

"ဓာတ်ပုံတွေကို ပြင်မယ်ဆိုရင်လည်း အနည်းဆုံးတော့ ကြည့်ကောင်းအောင်တော့ ပြင်မှပေါ့" လို့ တစ်ဦးက ပြောထားပြီး နောက်တစ်ဦးကလည်း သူမပုံက အရုပ်မနဲ့ တူနေတယ်လို့ ဆိုထားပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ