International Celebrity: ရှိုးလျှောက်မယ့် ချစ်သူတွေကို ရှေ့ဆုံးကနေ အားပေးမယ့် ဇေးမောလစ်နဲ့ ဘရက်ဒလေကူးပါး

နှစ်ယောက်စလုံးလာမယ်လို့ သတင်းကြားပါတယ်။

play

 

နိုဝင်ဘာလ ၃၀ ရက်ည၊ ပါရီမြို့မှာ ပထမဆုံးအကြိမ် ပြုလုပ်မယ့် Victoria's Secret ဖက်ရှင်ရှိုးမှာ ကန်ဒဲလ်ဂျန်နာ၊ ဂျီဂျီဟက်ဒီးနဲ့ အေဒရီယာနာလိုင်မာတို့ အပါအဝင် မော်ဒယ် ၅၅ ဦး ပါဝင်မှာ ဖြစ်ပါတယ်။

play

 

One Direction အဆိုတော်ဟောင်း ဇေးမောလစ်က သူ့ရဲ့ချစ်သူ စူပါမော်ဒယ် ဂျီဂျီဟက်ဒီးကို အားပေးဖို့အတွက် ပွဲကြည့်ပရိသတ်အဖြစ် ယင်းပွဲကို လာရောက်ကြည့်ရှုမယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။ အမေရိကန်မော်ဒယ်မလေးနဲ့ ဖေဖော်ဝါရီကစလို့ ချစ်သူတွေ ဖြစ်ခဲ့တဲ့ ဇေးဟာ ရှိုးပွဲကို လာဖြစ်မလာဖြစ်ကိုတော့ အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။

play

 

ထို့အတူပဲ အီရီနာရှေးရဲ့ပရိသတ်အဖြစ် ဟောလိဝုဒ်မင်းသား ဘရက်ဒလေကူးပါးကလည်း လာရောက်လိမ့်မယ်လို့ ကြားသိရပါတယ်။

ယင်းရှိုးပွဲမှာ လေဒီဂါဂါ၊ ဘရူနိုမားစ်နဲ့ the Weeknd တို့က သီဆိုဖျော်ဖြေသွားမှာပါ။

play

 

VS ရှိုးကို ပထမဆုံးလျှောက်လှမ်းမယ့် ဘယ်လာဟက်ဒီးဟာ the Weeknd နဲ့ ၁၈ လကြာ တွဲခဲ့ပြီးနောက် များပြားလှတဲ့အလုပ်တွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က ပြတ်စဲခဲ့ကြပြီး အခုလိုပြန်လည်တွေ့ဆုံချိန်မှာ သူတို့အချစ်ရေးကလည်း ပြန်လည်အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Source & Photos : Standard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ