Victoria's Secret ဖက်ရှင်ရှိုးဟာ ကမ္ဘာပေါ်မှာ ဂုဏ်သတင်းအကြီးဆုံး ဖက်ရှင်ရှိုးကြီးဖြစ်ပြီး စူပါမော်ဒယ်များစွာ ပါဝင်ပါတယ်။
၂၀၁၆ ခုနှစ်မှာ တဟုန်ထိုးနာမည်ကြီးနေတဲ့ အသက် ၂၁ နှစ်အရွယ် ဂျီဂျီဟက်ဒီးနဲ့ သူမရဲ့ ညီမငယ် အသက် ၂၀ အရွယ် ဘယ်လာဟက်ဒီး၊ အသက် ၂၁ နှစ်အရွယ် ကန်ဒဲလ်ဂျန်နာတို့ကလည်း ပါရီမြို့ရှိ Grand Palais မှာ ကျင်းပမယ့် ယင်းရှိုးပွဲမှာ ပါဝင်ထားကြပါတယ်။
သူတို့နဲ့အတူ VS နတ်မိမယ်ဟောင်းတွေဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် အလက်ဇန္ဒားအမ်ဘရိုစီယိုနဲ့ အန်ဒရီယာနာလိုင်မာတို့လည်း ပါဝင်ထားပါတယ်။
ဂျိုအန်စမော၊ ဒိုဗန်ဝင်ဆာ၊ စင်ဒီဘရူနာနဲ့ တေလာဟေးတို့ကလည်း လယ်သာနဲ့ ဇာတို့ကို တွဲဆက်ဝတ်ဆင်ထားတဲ့ ဒီဇိုင်းတွေနဲ့ တွေ့ရပါတယ်။
ဂျို့စဖင်းစခရီဗာ၊ မာရီယာဘော့ဂ်စ်နဲ့ လီလီအဲလ်ဒရစ်တို့ကလည်း ဆက်စီကျလှတဲ့ သတ္တုရောင် ဝတ်စုံကိုယ်စီနဲ့ ပြောင်လက်တောက်ပနေပါတယ်။
ကယ်လီဖိုးနီးယားမော်ဒယ် ဂျက်စမင်တွစ်ခ်ကတော့ နှစ်စဉ်ပြုလုပ်နေကျ VS ရဲ့တစ်ထည်တည်းသော Fantasy ဘရာကို ဝတ်ဆင်ထားပါတယ်။ မြနဲ့စိန်တွေနဲ့ ပြုလုပ်ထားတဲ့ ယင်းဘရာရဲ့တန်ကြေးက ဒေါ်လာ ၂.၄ သန်း ရှိပါတယ်။
စတယ်လာမက်စ်ဝဲလ်ကလည်း ပြောင်းလဲဝတ်ဆင်ခဲ့တဲ့ ဝတ်စုံနှစ်စုံလုံးနဲ့ လိုက်ဖက်ညီလို့ ထူးခြားလှပနေခဲ့ပါတယ်။
VS ရဲ့မော်ဒယ်ရှိုးမှာ နာမည်ကြီးမော်ဒယ်စုစုပေါင်း ၅၅ ဦးပါဝင် လျှောက်လှမ်းခဲ့ပါတယ်။
Source & Photos : Daily Mail