International Celebrity: နောက်ခံအကသမားနဲ့ ချစ်သူတွေဖြစ်နေပြီလို့ အတည်ပြုလိုက်တဲ့ မရိုင်ယာကာရီ

ခင်ပွန်းလောင်း ဂျိမ်းစ်ပက်ကာနဲ့ ပြတ်သွားတာ နှစ်လတောင် မရှိသေးပါဘူး။

play

 

မရိုင်ယာကာရီဟာ ခင်ပွန်းလောင်း ဘီလျံနာ ဂျိမ်းစ်ပက်ကာနဲ့ ကွဲသွားပြီးတဲ့နောက် သူမရဲ့နောက်ခံအကသမားတစ်ဦးနဲ့ တွဲနေတယ်လို့ သတင်းတွေ ထွက်နေခဲ့တာတော့ ကြာပါပြီ။  အခုတော့ ဂျိမ်းစ်ပက်ကာနဲ့ ပြတ်ပြီး နှစ်လခန့်အကြာမှာ အသက် ၄၆ နှစ်အရွယ် မရိုင်ယာဟာ အသက် ၃၃ နှစ်အရွယ် အကသမား ဘရိုင်ယန်တာနာကာနဲ့ မီယာမီကျွန်းမှာ အနမ်းခြွေပြီး သူတို့ရဲ့အချစ်ဇာတ်လမ်းကို အတည်ပြုလိုက်ပါတယ်။

play

 

ချစ်စကြင်စ ချစ်သူနှစ်ဦးဟာ ရယ်မောပျော်ရွှင်နေကြပြီး ဘရိုင်ယန်က အကသမားပီပီ မရိုင်ယာကို ပွေ့ဖက်နမ်းရှိုက်ရင်း ဖက်ထားတဲ့ ကိုယ်နေဟန်ထားက လှပနေခဲ့ပါတယ်။

play

 

သူတို့နှစ်ယောက်ဟာ ကမ်းစပ်မှာ အနမ်းခြွေကြရင်း ကကွက်တွေကို ဖန်တီးပြီးအဆုံးမှာတော့ ဘရိုင်ယာက မရိုင်ယာကို ပွေ့ချီလိုက်ပါတယ်။ ဘရိုင်ယန်ဟာ မရိုင်ယာကို ကျောပိုးက ခုန်ပေါက်သွားလာနေကိုလည်း ကြည်နူးဖွယ် မြင်တွေ့ရပြန်ပါတယ်။

play

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ