play

 

စူပါမော်ဒယ် အီရီနာရှေးဟာ Vicotoria's Secret ဖက်ရှင်ရှိုးမှာ ပထမဆုံးပါဝင်နေချိန်မှာ ဘရတ်တလေကူးပါးနဲ့ ရတဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီလို့ သတင်းလည်း ထွက်လာခဲ့ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့ညမှာ ပြုလုပ်တဲ့ VS ဖက်ရှင်ရှိုးမှာ ရုရှားမော်ဒယ်မလေးက အနီရောင် ပန်းဖွားဂျာကင်လေးနဲ့ သူမရဲ့ဗိုက်ကို ဖုံးကွယ်ထားပါတယ်။

play

 

အီရီနာရဲ့ကိုယ်ဝန်ဟာ သုံးလကျော်သွားပြီဖြစ်ပြီး ကလေးအမေဖြစ်ရတော့မှာမို့လို့ သူမ အရမ်းစိတ်လှုပ်ရှားနေတယ်လို့ E! News မှာ ရေးသားဖော်ပြထားပါတယ်။

play

 

ပိတုန်းရောင်ကေသာပိုင်ရှင်မလေးဟာ ကိုယ်ဝန်ဆောင်ထားရပေမဲ့ လျှောက်လမ်းပေါ်မှာ ယုံကြည်ချက်ရှိရှိနဲ့ လျှောက်လှမ်းနေခဲ့ပါတယ်။

ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းကိုတော့ အီရီနာနဲ့ ဘရက်တလေက အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video