International Celebrity: တောင်ဆူဒန်က ကလေးတွေဆီရောက်နေတဲ့ တွမ်ဟစ်ဒယ်လ်စတန်

ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

play

 

Thor ဇာတ်ကားရိုက်ကူးရေးအပြီးမှာတော့ ဗြိတိန်မင်းသား တွမ်ဟစ်ဒယ်လ်စတန်ဟာ တောင်ဆူဒန်နိုင်ငံက ကလေးတွေထံကို သွားရောက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းစစ်ကြောင့် နိုင်ငံတွင်းရှိ အပြစ်မဲ့ကလေးတွေ ဒုက္ခရောက်နေကြရပုံကို မျက်မြင်သက်သေအဖြစ်နဲ့ သွားရောက်နေတာပါ။ ကလေးတွေဆီကိုသွားကာ အတူတူ ဆော့ကစားတာ စကားပြောတာတွေလည်း ပြုလုပ်ပေးနေခဲ့ပါတယ်။

play

 

ယခုခရီးစဉ်ဟာ တွမ်အတွက် ပထမဆုံးတော့မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီကလည်း တစ်ကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ တောင်ဆူဒန်နိုင်ငံက ကလေးတွေ ပြည်တွင်းမငြိမ်မသက်ဖြစ်မှုဒဏ်ကို ခံစားနေရတဲ့အပေါ် သူ့အနေနဲ့ ကြေကွဲခံစားရပြီး ဘယ်တော့မှမေ့နိုင်တော့မှာမဟုတ်ကြောင်း အသက် ၃၅ နှစ်အရွယ် မင်းသားက ဆိုပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ