International Celebrity: ဟီလာရီကလင်တန်ရဲ့ ချီးကျူးစကားကြောင့် ကေတီပယ်ရီမျက်ရည်လည်

play

 

အမေရိကန်သမ္မတရွေးကောက်ပွဲအပြီး လူမြင်ကွင်းကို သိပ်မထွက်တော့တဲ့ ဟီလာရီကလင်တန်ဟာ နိုဝင်ဘာ ၂၉ ရက် ညပိုင်းက နယူးယော့ခ်မှာပြုလုပ်တဲ့ ယူနီဆက်ရဲ့ Snowflake Ball ပွဲကို တက်ရောက်လာခဲ့ပါတယ်။ ကေတီပယ်ရီကို Audrey Hepburn Humanitarian ဆု ပေးအပ်ဖို့အတွက် တက်ရောက်ခဲ့တာပါ။

play

 

ဆုမပေးအပ်မီမှာ ကေတီ့ကို ချီးကျူးစကားပေါင်းများစွာနဲ့ ဂုဏ်ပြုသွားပါသေးတယ်။ ဟီလာရီကို အကြီးအကျယ်ထောက်ခံအားပေးသူတွေထဲက ကေတီကလည်း တစ်ဦးအပါအဝင်လည်းဖြစ်တာကြောင့် ဟီလာရီရဲ့ချီးမွမ်းစကားတွေဟာ သူမအတွက် မျက်ရည်လည်စရာ ဖြစ်ခဲ့ရပါတော့တယ်။ ကေတီပယ်ရီဟာ ၂၀၁၃ ခုနှစ်ကတည်းက ယူနီဆက် (ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများရန်ပုံငွေအဖွဲ့)ရဲ့ သံအမတ်အဖြစ် နှင်းအပ်ခံရပြီး ဒေါ်လာ ၁ သန်းကျော် ရန်ပုံငွေရှာပေးနိုင်ခဲ့ပါတယ်။

Source : Daily Mail, People

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ