International Celebrity: စိတ်ပင်ပန်းမှုတွေကြောင့် ကိုယ်အလေးချိန် ၇၆ ပေါင်သာ ရှိတော့တဲ့ ဂျိုလီ

, updated

သူမရဲ့လက်မောင်းတွေဟာ အရိုးချည်းသာ ကျန်တော့တယ်လို့ ဆိုပါတယ်။

play

 

ဘရတ်ပစ်နဲ့ ကွာရှင်းပြတ်ဆဲဖို့နဲ့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ရဖို့ တရားဥပဒေကြောင်းကနေ ရင်ဆိုင်နေရတဲ့အတွက် အန်ဂျလီနာဂျိုလီတစ်ယောက် စိတ်ဖိစီးမှုတွေများကာ ကိုယ်အလေးချိန် ၇၆ ပေါင်အထိ ကြောက်မက်ဖွယ် ကျဆင်းသွားခဲ့ပါတယ်။

"သူမ အခြေအနေမဟန်ဘူး။ လက်တွေက အရိုးပဲကျန်ပြီး သွားကြားထိုးတံလိုဖြစ်နေတယ်။ ကိုယ်အလေးချိန်က ထိုးကျသွားတယ်"  လို့ သတင်းပေးတစ်ဦးက ပြောခဲ့တာပါ။

သူမရဲ့အခြေအနေက အန္တရာယ်ကင်းတဲ့ အမှတ်ကို ကျော်လွန်သွားပြီလို့ နယူးယော့ခ်မှာနေထိုင်တဲ့ အထူးကုဆရာဝန် ဒေါက်တာ စတာ့တ်ဖစ်ရှာက သတိပေးထားပါတယ်။

play

 

ဂျိုလီဟ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဘရတ်ပစ်နဲ့ ကွာရှင်းခွင့်တင်ပြီးတဲ့နောက် အစားကောင်းကောင်း မစားဘူးလို့ အတွင်းလူတစ်ဦးက ပြောခဲ့ပါတယ်။

ဘရတ်ပစ်ဟာ စွပ်စွဲခံထားရတဲ့ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုနဲ့ ကင်းရှင်းကြောင်း တွေ့ရှိခဲ့ရပြီးးနောက် ကလေး ၆ ဦးကို ပူးတွဲထိန်းသိမ်းစောင့်ရှောက်ခွင့်ရဖို့ အခွင့်အရေးလည်း ပိုမိုရှိလာတဲ့အတွက် ကလေးအားလုံးကို တစ်ဦးတည်း အုပ်ထိန်းချင်တဲ့ ဂျိုလီအတွက် ပူပင်စရာ ဖြစ်လာခဲ့ပါတယ်။

play

 

ကလေးတွေကို ညှင်းပန်းနှိပ်စက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရှင်းလင်းပြီးတဲ့နောက် ဒုက္ခသုက္ခတွေ ခံရချိန်မှာ အားပေးခဲ့ကြတဲ့ ပရိသတ်ကို ကျေးဇူးတင်ကြောင်း ဘရတ်ပစ်က ပြောခဲ့ပါတယ်။

"ကြင်နာတတ်တဲ့သူတွေ ရှိနေတာ တကယ့်ကို ဝမ်းသာစရာပါ။ အားလုံးရဲ့ အားပေးမှုကို ရတာ တကယ့်ကို ကောင်းပါတယ်" လို့ အသက် ၅၂ နှစ်အရွယ် ဟောလိဝုဒ်မင်းသားကြီးက ပြောခဲ့ပါတယ်။

Source & Photos : online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ