International Celebrity: ဂီတနယ်ပယ်မှ ဝင်ငွေအကောင်းဆုံးစာရင်းမှာ တေလာဆွစ် ထိပ်ဆုံးမှရပ်တည်

တေလာဆွစ်ဖ်ဟာ Forbes က အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဝင်ငွေအကောင်းဆုံး ဂီတနယ်ပယ်မှ အမျိုးသမီးများစာရင်းမှာလည်း ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပါတယ်။

play


၂၀၁၆ ခုနှစ်အတွက် ဂီတနယ်ပယ်မှ ဝင်ငွေအကောင်းဆုံးစာရင်းမှာ အမေရိကန်ပေါ့ပ်အဆိုတော် တေလာဆွစ်ဖ်က နံပါတစ်နေရာမှ ရပ်တည်ခဲ့ပါတယ်။ တေလာဆွစ်ဖ်ရဲ့နောက်မှာ အမျိုးသားအဆိုတော်အဖွဲ့ One Direction နဲ့ ဗြိတိသျှအဆိုတော် အဒဲလ်တို့က အစဉ်လိုက်ရပ်တည်ခဲ့ကြောင်း Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

တေလာဆွစ်ဖ်ရဲ့ 1989 World Tour


တေလာဆွစ်ဖ်က ဂီတဖျော်ဖြေပွဲ၊ တေးသီချင်းအယ်လ်ဘမ်နဲ့ အခြားဝင်ငွေအရပ်ရပ်မှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ရရှိခဲ့ကာ ၂၀၁၆ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဂီတပညာရှင်အဖြစ် ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ တေလာဆွစ်ဖ်ရဲ့ အဓိကဝင်ငွေဟာ သူမရဲ့ '1989' ကမ္ဘာလှည်ဖျော်ဖြေပွဲမှ ရရှိခဲ့တာလို့ ဆိုပါတယ်။

play


One Direction အဆိုတော်အဖွဲ့က ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် ဒုတိနေရာနဲ့ အဒဲလ်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၀.၅ သန်းဖြင့် တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ တေလာဆွစ်ဖ်ဟာ Forbes က အစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဝင်ငွေအကောင်းဆုံး ဂီတနယ်ပယ်မှ အမျိုးသမီးများစာရင်းမှာလည်း ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

play


၂၀၁၆ ခုနှစ် ဂီတနယ်ပယ်မှ ဝင်ငွေအကောင်းဆုံးစာရင်းရဲ့ ထိပ်ဆုံး ၁၀ နေရာ ရပ်တည်မှုမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ တေလာဆွစ်ဖ် - အမေရိကန်ဒေါ်လာ သန်း ၁၇၀
၂။ One Direction - အမေရိကန်ဒေါ်လာ သန်း ၁၁၀
၃။ အဒဲလ် - အမေရိကန်ဒေါ်လာ ၈၀.၅ သန်း
၎။ မက်ဒေါနား - အမေရိကန်ဒေါ်လာ ၇၆.၅ သန်း
၅။ ရီဟားနား -အမေရိကန်ဒေါ်လာ ၇၅ သန်း
၆။ ဂရတ်ဘရွတ်စ် - အမေရိကန်ဒေါ်လာ သန်း ၇၀
၇။ အေစီ/ဒီစီ - အမေရိကန်ဒေါ်လာ ၆၇.၅ သန်း
၈။ ရိုးလင်းစတုန်း - အမေရိကန်ဒေါ်လာ ၆၆.၅ သန်း
၉။ ဒီဂျေ ကယ်ဗင်ဟားရစ် - အမေရိကန်ဒေါ်လာ ၆၃ သန်း
၁၀။ ဒစ်ဒီ - အမေရိကန်ဒေါ်လာ ၆၂ သန်း
Source & Photo: Forbes

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ