International Celebrity: ဟယ်လင်မာရင်နဲ့ ကိစ္စတိုင်းဆွေးနွေးဖြစ်တယ်လို့ ကိတ်ဝင်းစလက်ပြော

ကျွန်မတို့အားလုံး ဟယ်လင်နဲ့ ရင်းနှီးချင်တာချည်းပါပဲ...

play

မင်းသမီးကြီး ဟယ်လင်မာရင်နဲ့ သူမရဲ့ကြားမှာ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးရှိကြောင်းကို အော်စကာဆုရှင် ကိတ်ဝင်းစလက်က ထုတ်ပြောပါတယ်။ ဟယ်လင်မာရင်ဟာ တွဲဖက်သရုပ်ဆောင်သူတွေကို အကြံဉာဏ်တွေမျှဝေတတ်သူမို့ လူတိုင်းက သူမကိုချစ်ကြတယ်လို့လည်း ဆိုပါတယ်။

play

 

" ဟယ်လင်နဲ့အတူထိုင်ပြီး စကားတွေပြောတယ်။ အလုပ်အကြောင်း၊ ဘယ်သွားပြီးသောက်မလဲဆိုတာရော၊ ရင်သားတွေအကြောင်းကနေ ကောင်လေးတွေအကြောင်းအထိ ဘာမဆိုပဲ ပြောဖြစ်ကြတယ်။ သူမက အားလုံးရဲ့ မိတ်ဆွေပဲလေ။ ပြီးတော့ အရမ်းကိုဆက်စီကျလွန်းပြီး လှပတယ်။ ကျွန်မတို့အားလုံး ဟယ်လင်နဲ့ ရင်းနှီးချင်တာချည်းပါပဲ" လို့ ကိတ်ဝင်းစလက်က ချီးမွမ်းပါတယ်။

Source : Vanity Fair

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ