International Celebrity: အင်စတာဂရမ်က မကောင်းဆိုးဝါးတွေအတွက်လို့ ဂျက်စတင်ဘီဘာပြော

ငရဲတစ်ခုပဲလို့လည်း သူက ဆိုခဲ့ပါတယ်။

play

 

အသက် ၂၂ နှစ်အရွယ် ကနေဒီယန်ပေါ့ပ်အဆိုကျော် ဂျက်စတင်ဘီဘာဟာ သြဂုတ်လတုန်းက အင်စတာဂရမ်အကောင့်ကို ဖျက်ခဲ့တာဖြစ်ပြီး လန်ဒန်မြို့မှာ ဖျော်ဖြေနေစဉ် အင်စတာဂရမ်နဲ့ ပတ်သက်ပြီး မကျေမနပ် ဆိုခဲ့ပါတယ်။

"ကျွန်တော် အင်စတာဂရမ်ပြန်သုံးသင့်တယ်လို့ ဘယ်သူထင်လဲ" လို့ သူက လန်ဒန်မြို့ရှိ O2 အားကစားကွင်းထဲမှာ ပရိသတ်ကို မေးခဲ့ပါတယ်။

"ကျွန်တော်ကတော့ အင်စတာဂရမ်ကို ပြန်မသုံးချင်ဘူး။ အင်စတာဂရမ်က မကောင်းဆိုးဝါးတွေအတွက်ပဲ" လို့ သူက ဆိုပါတယ်။

play

 

"ကျွန်တော်ကတော့ ငရဲဆိုတာ အင်စတာဂရမ်ကို ပြောတာလို့ ထင်တယ်။ ၉၀ ရာခိုင်နှုန်းသေချာတယ်ဗျာ။ ကျွန်တော်တို့တွေ ငရဲကို အပို့ခံရတယ်။ အင်စတာဂရမ်ဆာဗာထဲမှာ ပိတ်မိသွားတယ်" လို့ ဂျေဘီက စိတ်ပျက်လက်ပျက်ဆိုခဲ့တာပါ။

ဂျက်စတင်ဘီဘာဟာ သြဂုတ်လတုန်းက တွဲခဲ့တဲ့ ဆိုဖီယာရစ်ချီနဲ့အတူ တွဲပြီး အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် ပရိသတ်ရဲ့အဆိုးမြင်မှတ်ချက်တွေကြောင့် အင်စတာဂရမ်ကို မသုံးတော့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

play

 

အမုန်းစကားတွေ မရပ်ဘူးဆိုရင် အင်စတာဂရမ်အကောင့်ကို Private ထားလိုက်တော့မယ်လို့ ဂျေဘီက ခြိမ်းခြောက်ခဲ့ပြိးတဲ့နောက် အကောင့်ကို လုံးဝဖျက်ချလိုက်တာ ဖြစ်ပါတယ်။

Source & Photos : Chirst

အင်စတာဂရမ်က ငရဲပဲလို့ ပရိသတ်ကိုပြောနေတဲ့ ဂျက်စတင်ဘီဘာ
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ