International Celebrity: ဘရာအစား ပန်းပွင့်လေးကပ်ထားတဲ့ လော့တီမော့စ်

လန်ဒန်မြို့မှာ ကျင်းပတဲ့ အဆိုတော် Elton John ရဲ့ဒင်နာပါတီကိုတက်ခဲ့တာပါ။

play

 

စူပါမော်ဒယ် ကိတ်မော့စ်ရဲ့ညီမငယ် လော့တီမော့စ်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပတဲ့ အတွင်းခံကုမ္ပဏီကြီး Victoria's Secret ပါတီပွဲကို တက်လာခဲ့ပြီး ၂၄ နာရီပဲရှိသေးချိန်မှာ အတွင်းခံဆိုတဲ့စကားလုံးကို သူမ လုံးဝမေ့သွားပုံပါပဲ။

play

 

အသက် ၁၈ နှစ်အရွယ် မော်ဒယ်မလေးဟာ ဆယ်လီများစွာတက်ရောက်တဲ့ အယ်လ်တန်ဂျွန်ရဲ့ ပါတီပွဲကို ဂါဝန်ပါးလေးကို အတွင်းခံမဝတ်ဘဲ ပန်းပွင့်ပုံ ရင်သားက်ပလာစတာလေးနဲ့သာ တက်ရောက်လခဲ့ပါတယ်။

play

 

လော့တီမော့စ်ဟာ ကုတ်သိုင်းအင်္ကျီ အစမ်းရောင်ရောင်ဂါဝန်လေးနဲ့ အလှကြီးလှနေခဲ့တာပါ။ အဲဒီပွဲမှာ လော့တီမော့စ်ဟာ တခြားဆယ်လီတွေနဲ့ တရင်းတနှီးရှိကာ သူမနဲ့အတူ အဖော်ပြုသူများစွာ ရှိနေတာကို မြင်တွေ့ရပါတယ်။

play

 

ယင်းပွဲဟာ အရေးပါတဲ့ ပွဲကြီးတစ်ခုဖြစ်ပြီး Elton John Aids Foundation နဲ့ Bulgari တို့ပူးပေါင်းပြီး ပြုလုပ်တဲ့ တဲ့ ညစာစားပွဲဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ