International Celebrity: ဘီလျံနာ သူဌေးကြီးရဲ့ဆယ်ကျော်သက် သားနဲ့တွဲခုတ်နေတဲ့ စူပါမော်ဒယ်

သူဌေးကြီးရဲ့ သားဖြစ်သူက အသက် ၁၇ နှစ်အရွယ်သာ ရှိပါသေးတယ်။

play

 

ရုရှားရဲ့ နာမည်ကြီးထိပ်တန်းမော်ဒယ်ဖြစ်သူ အလီနာရှစ်ရှ်ကိုဗာဟာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးတဲ့ လုပ်ငန်းရှင် သူဌေးကြီးတစ်ဦးရဲ့ သားနဲ့ တွဲခုတ်နေကြောင်း သိရပါတယ်။

play

 

ထိပ်တန်းမော်ဒယ် ရှစ်ရှ်ကိုဗာက အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ သူနဲ့ တွဲခုတ်နေသူက ရုရှား ဆီလုပ်ငန်းရှင် ဒီမီထရီမာဇေပင်ရဲ့ အသက် ၁၇ နှစ်အရွယ် သားဖြစ်သူ နီကီတာ ဖြစ်ပါတယ်။ နီကီတာဟာ ပြိုင်ကားတွေကိုစွဲလန်းနှစ်သက်ကာ ပြိုင်ကားမောင်းသူတစ်ဦးဖြစ်ပြီး  Force India’s ဖော်မြူလာဝမ်း ပြိုင်ကားအသင်းရဲ့ အရန်ကားမောင်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

ကာယကံရှင်တွေဘက်က အတည်မပြုသေးပေမယ့် သူတို့နှစ်ဦးကို မကြာသေးခင် ကာလတွေအတွင်း ပွဲအတော်များများမှာ အတူတကွ တွေ့ခဲ့ရတယ်လို့ ရုရှားမီဒီယာတွေက ရေးသားကြပါတယ်။

ရှစ်ရှ်ကိုဗာက အလှမယ်ပြိုင်ပွဲဝင်ဟောင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တုန်းက ရုရှားအလှမယ်ပြိုင်ပွဲမှာ ဒုတိယရခဲ့သူ အမျိုးသမီး ဖြစ်ပါတယ်။ အခု ရှစ်ရှ်ကိုဗာနဲ့ တွဲနေတဲ့ နီကီတာရဲ့ ဖခင်ဖြစ်သူဟာ ရုရှားမှာ ဆီလုပ်ငန်းတွေနဲ့ ချမ်းသာနေသူ တစ်ဦးဖြစ်ပြီး စုစုပေါင်း ကြွယ်ဝမှု ၁.၁ ဘီလျံ အထိ ရှိပါတယ်။ နီကီတာဟာ ကလေးငယ်တစ်ယောက်လို မျက်နှာမျိုးနဲ့ဖြစ်ပြီး အသက် ၇ နှစ်ကြီးတဲ့ ရှစ်ရှ်ကိုဗာနဲ့ တွဲနေတာဖြစ်လို့ အများရဲ့ အာရုံစိုက်မှုကို ပိုခံနေရတာ ဖြစ်ပါတယ်။

 

မော်ဒယ်ရှစ်ရှ်ကိုဗာဟာ အရင်ရည်းဟားဟောင်းနဲ့ ရခဲ့တဲ့ သမီးငယ်လေးကို ၂၀၁၄ ခုနှစ်မှာ မွေးဖွားခဲ့သူလည်း ဖြစ်နေပါတယ်။ ရှစ်ရှ်ကိုဗာဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ အရင်ထက်ပိုပိန်လာခဲ့ပြီး သူမအနေနဲ့ ဝိတ်အချလွန်နေပြီလို့ ဝေဖန်မှုတွေရှိနေပေမယ့် သူမကတော့ ကျန်းမာတဲ့ စားသောက်မှုပုံစံကြောင့်လို့ ဆင်ခြေပေးထားပါတယ်။

ှSource : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ