International Celebrity: ဆေးရုံကဆင်းလာပေမဲ့ ကင်မ်ကေနဲ့အတူမနေဘဲ အိမ်ခွဲနေတဲ့ကာညေးဝက်စ်

ဆေးကုသမှုတွေ ဆက်လက်ခံယူနေရဦးမှာပါ။

play

 

ရှိုးပွဲတွေဖျက်သိမ်းပြီး ဆေးရုံတင်ခဲ့ရတဲ့ အမေရိကန် ရပ်ပ်အဆိုတော် ကာညေးဝက်စ်ဟာ ဗုဒ္ဓဟူးနေ့ကတည်းက ဆေးရုံကဆင်းခဲ့တာပါ။ ဒါပေမဲ့ ယနေ့ထိတိုင်အောင် ဇနီးသည်ရှိရာအိမ်ကို ပြန်မသွားသေးဘဲ သီးသန့်အိမ်ငှားပြီး နေထိုင်နေတယ်လို့ Us Weekly က ရေးသားထားပါတယ်။

play

 

ဆေးရုံပေါ်မှာ ၁၀ ရက်တာ ဆေးကုသမှု ခံယူခဲ့ပြီးနောက် ဆက်လက်ဆေးကုသဖို့ လိုအပ်နေသေးတဲ့အတွက် အိမ်သီးသန့်ငှားရမ်းကာ နေထိုင်နေရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ ငှားရမ်းထားတဲ့အိမ်မှာ ကာညေးကို ပြုစုကုသမယ့် ကျန်းမာရေးပညာရှင်တွေလည်း အတူရှိနေပေးကြပါတယ်။ အချိန်ဘယ်ကြာကြာအထိ အိမ်ခွဲနေရဦးမယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ကင်မ်ကာဒါရှီယန်ကတော့ ခင်ပွန်းသည်ဘက်က အမြဲတမ်း အားပေးရပ်တည်နေသူပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ