International Celebrity: ချယ်ရီနဲ့ လီယမ်ပင်းန်တို့ရဲ့ ကလေးဘဝဓာတ်ပုံများနဲ့ ခက်ခဲကြမ်းတမ်းခဲ့တဲ့ သူတို့ငယ်ဘဝ

သူတို့ရဲ့မိသားစုအယ်လ်ဘမ်ထဲက မြင်တွေ့ရတဲ့ ဓာတ်ပုံလေးတွေပါ။

play

 

မကြာခင် မြင်တွေ့ရတော့မယ့် ချယ်ရီနဲ့ လီယမ်ပင်န်းတို့ရဲ့ရင်သွေးလေးဟာ သူတို့ငယ်စဉ်က ရုပ်လေးတွေနဲ့ တူနေမယ်ဆိုရင်တော့ အတော်လေး ချစ်စရာကောင်းမှာပါပဲ။

play

 

ချယ်ရီဟာ ကိုယ်ဝန်ဆောင်ထားရကြောင်း တရားဝင် မကြေညာသေးပေမဲ့ ဖွံ့ထွားလာတဲ့ သူမရဲ့ဗိုက်လေးကို ဒီတစ်ပတ်အတွင်းမှာပဲ ဂုဏ်ယူစွာနဲ့ ပြသခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ သူတို့နှစ်ဦးလေးရဲ့ ရင်သွေးလေးက မကြာခင်မှာ ကမ္ဘာမြေပေါ် ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ကလေးဘဝဓာတ်ပုံတွေကို ကြည့်ဖို့ စိတ်ကူးရခဲ့ကြတာ ဖြစ်ပါတယ်။

play
ငယ်စဉ်ကတည်းက အဆိုပါရမီရှိခဲ့တဲ့ လီယမ်

 

အခု အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ လီယမ်ရဲ့ မိခင် ကာရန်ဟာ နေ့ကလေးထိန်းကျောင်း သူနာပြုဆရာမဖြစ်ပြီး ဖခင် ဂျော့ဖ်ပင်းန်က စက်ချုပ်သမားတစ်ဦးဖြစ်ကာ လီယမ်ကို အင်္ဂလန်နိုင်ငံ အနောက်အလယ်ပိုင်း  West Midlands ကောင်တီ၊ ဝူဘာဟမ်ပ်တန်မြို့မှာ မွေးဖွားခဲ့ပါတယ်။

play

 

လီယမ်ဟာ မွေးဖွားချိန်မှာ ကျောက်ကပ်ပုံမှန်မဟုတ်တဲ့အတွက် သူ့ရဲ့ငယ်ဘဝက သူ့အတွက် မလွယ်ကူခဲ့ပါဘူး။ နာကျင်မှုသက်သာစေဖို့အတွက် အသက် ၄ နှစ်အရွယ်အထိ ပုံမှန် ဆေးစစ်ကာ မိုးလင်းကနေ မျိုးချုပ်အထိ ဆေး ၃၂ ကြိမ် ထိုးခဲ့ရပါတယ်။

play
လီယမ်ဟာ အသက် ၁၄ နှစ်အရွယ်ကတည်းက စတင်အောင်မြင်နေပါပြီ။

အသက် ၃၃ နှစ်အရွယ် ချယ်ရီကတော့ နယူးကာဆယ်မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး အသက် ၄ နှစ်အရွယ်မှာ စတင်ပြီး အကသင်ခဲ့သူ ဖြစ်ပါတယ်။

play

 

ဒါပေမဲ့ သူမရဲ့အစောပိုင်းဘဝကလည်း လွယ်ကူခဲ့တာမဟုတ်ဘူးလို့ ချယ်ရီက ဆိုခဲ့ပါတယ်။

play

 

"ငယ်ငယ်တုန်းက ဘဝက လွယ်ကူခဲ့တာမဟုတ်ပါဘူး။ ကျွန်မတို့မှာ ပိုက်ဆံများများမရှိဘူး။ ကျွန်မတို့မောင်နှမတွေဟာ မုန့်ဖိုးမပါဘဲ ကျောင်းသွားရတဲ့အချိန်တွေ ရှိတယ်။ ဒါပေမဲ့ ကျွန်မရဲ့အဆိုအက ဝါသနာကို မိသားစုက အားပေးတယ်။ အသက် ၄ နှစ်အရွယ်မှာ အကသင်တန်းတက်ဖို့ အမေနဲ့ အဖေက အလုပ်ကို အရမ်းကြိုးစားပြီး လုပ်ခဲ့ရပါတယ်" လို့ ချယ်ရီက ပြောပြခဲ့ပါတယ်။

play

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ