International Celebrity: အိမ်ထောင်ကျပြီးရင်လည်း အနုပညာအလုပ်တွေပဲ လုပ်မယ့် မြင့်မြတ်

မင်္ဂလာပွဲကတော့ ဖေဖော်ဝါရီ (၁၅)ရက်နေ့ ဖြစ်ပါတယ်။

play

 

ဖေဖော်ဝါရီလ (၁၅)ရက်နေ့မှာ မင်္ဂလာဆောင်တော့မယ့် သရုပ်ဆောင်မြင့်မြတ်ကတော့ အိမ်ထောင်ပြုပြီး သွားရင် လည်း အနုပညာအလုပ်တွေကိုပဲ ဆက်လုပ်သွားမှာပါလို့ ဆိုပါတယ်။ သူအနေနဲ့ အိမ်ထောင်ပြုပြီး သွားရင်လည်း ဘာမှပြောင်းလဲသွားမှာ မဟုတ်သလို အရင်အတိုင်းပဲ ဇာတ်ကားတွေ ဆက်ရိုက်သွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

play

 

စီးပွားရေးလည်း လုပ်ဖို့မရှိသလို သူ့ရဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ Dragon ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးထားပြီး နောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ အော်ရဂျင် နယ် ဂိုဏ်းစတား ၃ ဇာတ်ကားကို ရိုက်ကူးနေပြီး မင်္ဂလာပွဲကိုတော့ ဖေဖော်ဝါရီ (၁၅)ရက်နေ့မှာ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပမှာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ (၁၆)ရက်နေ့မှာတော့ အင်လျားလိတ်ဟိုတယ်နဲ့ ဖေဖော်ဝါရီ ၂၃ရက်နေ့မှာတော့ မန္တလေးမှာ ပြုလုပ်သွား မှာ ဖြစ်ပြီ မင်္ဂလာပွဲ သုံးပွဲ ဆက်တိုက်ကျင်းပသွားမယ်လို့ သိရပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ