International Celebrity: ကလေးထပ်ယူဖို့ အစီအစဉ်မရှိတော့တဲ့ အိန္ဒြာကျော်ဇင်

အသက်လည်း ကြီးပြီလို့ ဆိုပါတယ်။

play

 

ပရိသတ်အားပေးမှုကို ယနေ့တိုင် ရရှိထားတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ ချစ်စရာကောင်းတဲ့ သားနဲ့ သမီးကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်သော်လည်း ယခုအချိန်ထိ အရွယ်တင်နုပျိုပြီး လှပနေဆဲပါ။ တစ်သားမွေးတစ်မွေးလှလို့ ဆိုရမှာ ဖြစ်ပါတယ်။ မိခင်တာဝန်ကို မလစ်ဟင်းအောင် ဆောင်ရွက်နေသလို အနုပညာအလုပ်တွေကိုလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

play

 

သားနဲ့သမီးကို ပိုင်ဆိုင်ထားတဲ့ သူမက ကလေး ထပ်ယူဖို့တော့ အစီအစဉ်မရှိတော့ဘူးလို့ ဆိုပါတယ်။ ကိုယ်ဝန်ဆောင် ရ မွေးဖွားရတာဟာ သူမအတွက် မခက်ပေမယ့် ကလေးလူ့လောကထဲရောက်လာပြီးနောက်ပိုင်း ကလေးအတွက် ပူရတဲ့ စိတ်ကြောင့် နောက်ထပ်ရင်သွေးမယူတော့တာဖြစ်သလို အသက်လည်း ကြီးပြီလို့ သူမက ဆိုပါတယ်။

play

 

သူမကိုယခုထက်တိုင် အားပေးနေကြတဲ့ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

Source : Myanmar Celebrity

Photo  : အိန္ဒြာကျော်ဇင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ