International Celebrity: ဂျင်မီဖောက်စ်နဲ့ တိုးတိုးတိတ်တိတ် လက်ထပ်ထားတဲ့သတင်းတွေကို ကေတီဟုမ်းငြင်းဆို

နှစ်ယောက်အတူ တွဲသွားတွဲလာလုပ်နေကြတာကိုလည်း မကြာခဏ မြင်ရပါတယ်။

play

 

တွမ်ခရုဇ်နဲ့ ကွာရှင်းပြီးနောက်ပိုင်း ဂျင်မီဖောက်စ်နဲ့ ကေတီဟုမ်းတို့ ချစ်နေကြတယ်ဆိုတဲ့သတင်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာတော့ ကြာပါပြီ။ လတ်တလောမှာလည်း သူတို့နှစ်ဦးက တိတ်တခိုး လက်ထပ်ထားပြီးနေပြီဆိုတဲ့  ကောလာဟလတွေ ထပ်မံ ထွက်ပေါ်လာနေခဲ့ပါတယ်။ ဒီအကြောင်းကို ကေတီက အင်တာဗျူးတစ်ခုမှာ ငြင်းဆိုသွားခဲ့ပါတယ်။

play

 

New York Times သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ " မဟုတ်ပါဘူး။ ကျွန်မ လက်မထပ်ခဲ့ပါဘူး။ ဒါပေမဲ့ မေးမြန်းတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်" လို့ ယင်းကောလာဟလအပေါ် တုံ့ပြန်ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ