International Celebrity: မျက်လှည့်လည်းကျွမ်းတဲ့ ခရစ္စပရတ်

Magnificent Seven မှာ မျက်လှည့်ဆရာလုပ်ခဲ့ဖူးသူပါ။

play

 

အသက် ၃၇ နှစ်အရွယ် ဟောလိဝုဒ်မင်းသား ခရစ္စပရတ်ဟာ သရုပ်ဆောင်အတတ်ပညာမှာသာမက ဖဲချပ်နဲ့ မျက်လှည့်ပြတာကိုလည်း ပြုလုပ်နိုင်သူပါ။ သူ့ရဲ့ မျက်လှည့်စွမ်းကိုလည်း The Graham Norton Show ရုပ်သံအစီအစဉ်မှာ လက်တွေ့ ပြသသွားခဲ့ပါတယ်။

Christ Pratt's Magic

 

ယင်းအစီအစဉ်မှာ ဂျနီဖာလောရင့်စ်နဲ့ အဆိုတော် will.i.am တို့လည်း အတူပါဝင်ခဲ့ပြီး ခရစ္စက ဖဲထုပ်လေးတစ်ထုပ်နဲ့ မျက်လှည့်ပြသွားခဲ့တာပါ။ will.i.am ကို ဖဲချပ်တစ်ချပ် ရွေးစေပြီး ဖဲချပ်တွေကိုလည်း စိတ်ကြိုက်မွှေနှောက်စေကာ ခရစ္စက ဖဲချပ်ကို ခန့်မှန်းရွေးချယ်ပြခဲ့တာဖြစ်ပါတယ်။ ခရစ္စရဲ့မျက်လှည့်ပြကွက်ကို ဂျနီဖာလောရင့်စ်က မယုံသလိုနဲ့ ရယ်မောနေခဲ့ပါသေးတယ်။ နောက်ဆုံးမှာ အမှန်ကိုရွေးပြလိုက်တော့ သူမရော will.i.am ပါ အံ့သြဘနန်းဖြစ်သွားရပါတော့တယ်။

Source : BBC America

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ