International Celebrity: ပရိသတ်ရဲ့ဖုန်းကို ကောက်ပေးပြီး ဆယ်ဖီပါအတူတွဲရိုက်ပေးတဲ့ ဝယ်လ်စမစ်သ်

ဟန်ပန်တွေမရှိ ကူညီတတ်သူကြီးပေါ့။

play

 

လက်မှတ်ထိုးပေးဖို့ တောင်းဆိုလာတဲ့ ပရိသတ်တစ်ဦးရဲ့ဖုန်းက မတော်တဆပြုတ်ကျပြီး ကားအောက်ကို ရောက်သွားစဉ်မှာ ဝယ်လ်စမစ်သ်က ကောက်ယူပေးခဲ့ပါတယ်။ ကြာသပတေးညက နယူးယော့ခ်မြို့ Soho New York ဟိုတယ်ရှေ့မှာ ဖြစ်ခဲ့တာပါ။

play

 

ဟန်ပန်တွေမရှိ သဘောကောင်းတဲ့မင်းသားကြီးက ဖုန်းကို ကောက်ပေးရုံသာကမ ယင်းပရိသတ်ရဲ့ဖုန်းနဲ့ပဲ ဆယ်ဖီအတူဆွဲခဲ့ပါသေးတယ်။ စမစ်သ်ကြောင့် ဖုန်းပျက်စီးမယ့်ဘေးကလည်း ကင်းဝေးရသလို ဓာတ်ပုံပါ အတူရိုက်ခွင့်ရလိုက်တဲ့ ပရိသတ်ကတော့ အလွန်ကံကောင်းသွားတာပါပဲ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ