International Celebrity: ကမ္ဘာ့အလန်းဆုံးမော်ဒယ်ဆုအတွက် ပြိုင်ဘက်တွေဖြစ်လာတဲ့ ဟက်ဒီးညီအစ်မ

International Model of the Year 2016 အတွက် ဘယ်သူ့ကို ပေးသင့်လဲ။

play

 

ပြီးခဲ့တဲ့အပတ်ကပဲ ကမ္ဘာ့အကြီးကျယ်အခမ်းနားဆုံး ဖက်ရှင်ရှိုးမှာ ညီအစ်မနှစ်ယောက်လုံး ပါဝင်ခဲ့ကြပါတယ်။

Victoria's Secret စင်မြင့်ပေါ်မှာ သူတို့ရဲ့ ပေါင်တံသွယ်အလှကို ပြသပြီးတဲ့နောက် အသက် ၂၁ နှစ်အရွယ် ဂျီဂျီဟက်ဒီးနဲ့ ညီမဖြစ်သူ အသက် ၂၀ အရွယ် ဘယ်လာဟက်ဒီးတို့ဟာ International Model of the Year 2016 ဆုအတွက် လျာထားခံလိုက်ရပါပြီ။

play

 

နှစ်ယောက်ပေါင်း ဒေါ်လာ ၁၈ သန်းခန့် ပိုင်ဆိုင်မှုရှိတဲံ သူတိုပညီအစ်မဟာ ommy Hilfiger, Ralph Lauren, Balmain, Marc Jacobs, Topshop နဲ့ Dior အပါအဝင် နာမည်ကြီး ဖက်ရှင်ကုမ္ပဏီများအတွက် ကြော်ငြာများလည်း ရိုက်ကူးပေးခဲ့ပါတယ်။

play

 

နှစ်ဦးစလုံးဟာ တွစ်တာနဲ့ အင်စတဂရမ်မှာ Follower သန်းနဲ့ချီရှိပြီး ဆိုရှယ်မီဒီယာမှာ အောင်မြင်မှုရတာချင်းလည်း တူညီပါတယ်။

play

 

သူတို့ရဲ့ကြော်ငြာတွေကသာမကဘဲ သူတို့ရဲ့အချစ်ရေးကလည်း လူစိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

play

 

ဂျီဂျီဟက်ဒီးဟာ One Direction အဆိုတော်ဟောင်း ဇေးမောလစ်နဲ့ ချစ်သေူတွဖြစ်နေပြိး ဘယ်လာကတော့ မကြာခင်ကမှ အဆိုတော် The Weeknd နဲ့ ပြတ်သွားခဲ့တာပါ။

play

 

ဒီဇင်ဘာလ ၅ ရက်နေ့ (မကြာခင်) မှာ လန်ဒန်မြို့ရှိ Royal Albert ခန်းမမှာ ကြေညာမယ့် The International Model Of The Year ဆုမှာ ဘယ်လာနဲ့ ဂျီဂျီအပြင် ကန်ဒဲလ်ဂျန်နာလည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ပါတယ်။

Source & Photos : Daily Mail

International Model of the Year 2016 ဆုကို ဘယ်သူရသင့်တယ်ထင်လဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ