ဖက်ရှင်လောကရဲ့ နာမည်ကျော်ဆုကြီးတစ်ခုဖြစ်တဲ့ International Model of the Year ဆုကို ယခုနှစ်မှာ ဂျီဂျီဟက်ဒီးက ဆွတ်ခူးသွားပါတယ်။ ဆန်ခါတင်ရွေးချယ်ထားတဲ့ မော်ဒယ်စာရင်းမှာ ဂျီဂျီရဲ့ ညီမရင်းချာဖြစ်တဲ့ ဘယ်လာဟက်ဒီးလည်း ပါဝင်ခဲ့ပြီး ဂျီဂျီက ဘယ်လာကိုကျော်ဖြတ်ကာ ဒီဆုကိုရရှိသွားခဲ့တာပါ။
ဗြိတိန်ဖက်ရှင်ဆုပေးပွဲကို တနင်္လာညက လန်ဒန်မြို့ Royal Albert ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ ဖက်ရှင်နယ်ပယ်က အနုပညာရှင်တွေနဲ့ ပညာရှင်တွေကို ဆုအသီးအသီးချီးမြှင့်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ် Victoria's Secret မော်ဒယ်လေးက တစ်နှစ်တာ အလန်းဆုံး နိုင်ငံတကာမော်ဒယ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။ ဒီပွဲကို ဂျီဂျီက မိခင်ဖြစ်သူ ယိုလန်ဒါဟက်ဒီးနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
ငွေမင်ရောင် ဒီဇိုင်းဆန်းဝတ်စုံက ဂျီဂျီရဲ့အရပ်အမောင်း၊ ကိုယ်ခန္ဓာနဲ့ ပေါ့ပါးစွာ လိုက်ဖက်ညီနေပြီး သူမရဲ့အသွင်အပြင်ကိုလည်း ပိုမိုထယ်ဝါစေပါတယ်။ ညနေခင်းပွဲတက်ဝတ်စုံဒီဇိုင်းကို ဘောင်းဘီရှည်နဲ့ တွဲဖက်ဖန်တီးထားပုံကြောင့် ဂျီဂျီဟက်ဒီးရဲ့ဖက်ရှင်ဟာ လည်ပြန်ငေးချင်စရာကောင်းနေခဲ့ပါတော့တယ်။
Source : Daily Mail