AD
AD
AD
play

 

ယခုနှစ်စပိုင်းက ရိုက်ကွင်းတစ်ခုမှာ အဝတ်ဗလာနဲ့ ရိုက်ကူးခဲ့တဲ့ပုံတွေ ဟိုးလေးတကျော်ဖြစ်ခဲ့ပြီးနောက် တွမ်ဟာဒီက နောက်ထပ် ဆွဲဆောင်မှုရှိမယ့်ပုံတွေ ထပ်မံရိုက်ကူးလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Esquire မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေ မြင်သာအောင် ထုတ်ပြထားပြီး တက်တူးတွေအပြည့်နဲ့ ရင်အုပ်ကျယ်ကျယ်ကလည်း ဟာဒီရဲ့ပရိသတ်တွေ သဘောကျလောက်စရာပါပဲ။

play

 

တက်တူးတွေ ဒီလောက်များနေပေမဲ့ ခုချိန်ထိအောင် လီယိုနာဒိုပေးထားတဲ့ဒီဇိုင်းကို မထိုးရသေးပါဘူး။ Revenant ဇာတ်ကားနဲ့ အကယ်ဒမီရ၊ မရ လောင်းကြေးထပ်ခဲ့ပြီး လီယိုနာဒိုက အကယ်ဒမီရခဲ့တာကြောင့် ဟာဒီက လီယိုနာဒိုကိုယ်တိုင်ဆွဲတဲ့ဒီဇိုင်းကို တက်တူးထိုးရမှာဖြစ်ပါတယ်။ ခုချိန်ထိအောင် ကတိမတည်နိုင်သေးတာကတော့ လီိယိုနာဒိုရဲ့ဒီဇိုင်းက စိတ်ပျက်စရာကောင်းတာကြောင့်လို့ တွမ်ဟာဒီက ဆင်ခြေပေးထားပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD