AD
AD
AD
play

 

Bliebers တွေအတွက် ၂၀၁၇ ခုနှစ်မှာ ဂျက်စတင်ဘီဘာကို ပိုလို့တောင် မြင်တွေ့ရဦးမှာပါ။

ကနေဒီယန်အဆိုတော်လေး ဂျက်စတင်ဘီဘာဟာ သူ့ရဲ့ပထမဆုံး မြောက်မေရိက လှည့်လည်ဖျော်ဖြေပွဲကို လာမယ့်နွေရာသီမှာ စတင်သွားမယ်လို့ The Ellen DeGeneres Show" မှာ ပြောခဲ့ပါတယ်။

play

 

ဘီဘာရဲ့ဖျော်ဖြေပွဲကို သြဂုတ်လ ၅ ရက်နေ့မှာ ကယ်လီဖိုးနိးယားပြည်နယ်၊ ပန်ဆာဒါနာရှိ Rose Bowl အားကစားကွင်းမှာ စတင်မှာဖြစ်ပါတယ်။ ရပ်နားဖျော်ဖြေမယ့် နေရာတွေထဲမှာ ဒန်ဗာ၊ မင်နီယာပိုလီ၊ နယူးဂျာစီ၊ မန်ဆက်ချူးဆက်နဲ့ တိုရွန်တိုတို့လည်း ပါဝင်ပါတယ်။

ဒီနှစ်ဟာ ဂျက်စတင်ဘီဘာအတွက် အလွန်အလုပ်များလှတဲ့ နေ့တစ်နေ့ဖြစ်ပြီး ပွဲပေါင်း ၁၀၀ ကျော် ပြုလုပ်ပြီးပြီဖြစ်တယ်လို့ သူက ပြောပြခဲ့ပါတယ်။

play

 

ဘီဘာရဲ့နောက်ဆုံးထုတ်အယ်လ်ဘမ် Purpose က အရမ်း နာမည်ကျော်သွားခဲ့ပြီး သူ့ရဲ့ပထမဆုံး ဂရမ်မီဆုကို "Where Are Ü Now" သီချင်းနဲ ရရှိခဲ့ပါသလို  ဒီနှစ် ဂရမ်မီ ဆန်ခါတင်စာရင်းမှာ သူ ပါဝင်နေဆဲပါပဲ။

Source & Photos : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD