AD
AD
AD
play

 

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီဟာ ကာရေဗီယန်ခရီးစဉ်အဆုံးမှာ ကနေဒါမှာ နေထိုင်တဲ့ ချစ်သူ မီဂန်မာကယ်နဲ့ တွေ့ဆုံဖို့အတွက် မိုင် ၁,၇၀၀ ခရီးကို သွားခဲ့တာဖြစ်ပါတယ်။

တကယ်တော့ တနင်္လာနေ့မှာ အလုပ်ရှိသေးတဲ့ သူဟာ ဘာဘေးဒိုးစ်နိုင်ငံကနေ လန်ဒန်ကို တနင်္ဂနွေနေ့က ချက်ချင်းပြန်ရမှာဖြစ်ပါတယ်။

play

 

ဟယ်ရီဟာ တနင်္ဂနွေနေ့ညမှာ ကနေဒါကို ရောက်ခဲ့ပြီး မနေ့က (တနင်္လာနေ့-ဒီဇင်ဘာ ၅ ရက်) က တော်ရွန်တိုရှိ မီဂန်ရဲ့အိမ်ကို သွားခဲ့ပါတယ်။

"ဟယ်ရီက မီဂန်ကို တွေ့ဖို့ မစောင့်နိုင်တော့ဘူး။ သူ့ရဲ့နောက်လိုက်တွေနဲ့အတူ British Airways နဲ့ လန်ဒန်ကို ပြန်ရမှာ။ ဒါပေမဲ့ စိတ်ကူးပြောင်းပြီး တော်ရွန်တိုကို ထွက်သွားတာ" လို့ သူနဲ့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့ပါတယ်။

play

 

အသက် ၃၂ နှစ်အရွယ် ဟယ်ရီဟာ ကာရေဗီယန်ကျွန်းတွေမှာ ၂ ပတ်ကြာ လှည့်လည်ခဲ့ပြီး သူနေထိုင်တဲ့ သင်္ဘောပေါ်မှာ ဖုန်းလိုင်းမမိတဲ့အတွက် မီဂန့်ဆီကို ဖုန်းမခေါ်နိုင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၃ ပတ်က မီဂန် လန်ဒန်ကို လာရောက်စဉ်က သူတို့နှစ်ဦး နောက်ဆုံးတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD