International Celebrity: တိုင်ဂါနဲ့ အချစ်ဇာတ်လမ်းကို ဖွင့်ဟလိုက်တဲ့ ဒမ်မီရို့စ်

ရက်ပါစူပါစတား တိုင်ဂါနဲ့ တွဲပြီးနောက် သူမ နာမည်ကြီးလာတာ ဖြစ်ပါတယ်။

play

 

မေလမှာ နာမည်ကျော် ရက်ပါအဆိုတော် တိုင်ဂါနဲ့ တွဲပြီးနောက် ဒမ်မီရို့စ်ဟာ နညမ်ကြီးလာခဲ့ပြီး အင်စတာဂရမ်မှာ သူမရဲ့ ဆက်စီဓာတ်ပုံတွေကို ကြည့်ရှုမယ့် Follower ၃.၂ သန်းထိ ရှိလာခဲ့ပါတယ်။

play

 

ခိုင်လီဂျန်နာတို့ ခဏပြတ်စဲစဉ် တိုင်ဂါ တွဲဖြစ်ခဲ့တဲ့ ဒမ်မီရို့စ်ဟာ ခိုင်လီဂျန်နာနဲ့ တူသူလို့လည်း နာမည်ကြီးသူပါ။

အခု ခိုင်လီနဲ့ ပြန်တွဲနေတဲ့ တိုင်ဂါနဲ့ သူမတို့အကြောင်းကို ဒမ်မီက SIXTY6 မဂ္ဂဇင်းအတွက် မျက်နှာဖုံးရှင်အဖြစ်ပါဝင်ရင်း ပြောပြလာခဲ့ပါတယ်။

play

 

"အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဖြစ်ပျက်တာ အရမ်းမြန်တယ်။ ကိန်းက ပါတီတစ်ခုကို သွားတော့ သူနဲ့ဝင်တိုက်မိရာကနေ သူက ကျွန်မဆီကို မက်ဆေ့တွေ ပို့ခဲ့တာ။ သူက သဘောကောင်းတယ်။  အဲဒီမှာနေခဲ့တဲ့ အချိန်တွေကို ကျွန်မတို့အတူ ကုန်ဆုံးဖြစ်ပါတယ်" လို့ သူမက ဆိုပါတယ်။

play

 

အလယ်အလတ်တန်းစားမိသားစုက ဆင်းသက်လာတဲ့ ဗြိတိန်သူလေး ဒမ်မီဟာ နာမည်ကျော် အဆိုတော်နဲ့ တွဲနေစဉ်မှာ လူတွေရဲ့အာရုံစိုက်မှုတွေ အများကြီး ရရှိခဲ့ပါတယ်။

"သူနဲ့ဆုံရဖို့ ကျွန်မမမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ သူက သဘောကောင်းတော့ ကျွန်မတို့ အဆင်ပြေတယ်။ သူက ဟာသဉာဏ်ရှိပြီး ရိုးသားတယ်။ အဲဒါကြောင့် ကျွန်မ သူ့ကို သဘောကျတာ" လို့ ဒမ်မီ က ပွင့်လင်းစွာ ဆိုပါတယ်။

ဒါပေမဲ့ သူမတို့ရဲ့ဆက်ဆံရေးက အတည်အတန့်မဖြစ်ခဲ့တဲ့အတွက် အသည်းတော့ ကွဲမနေဘူးလို့ ဒမ်မီက ဆိုခဲ့ပါတယ်။

play

 

"ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက်သဘောကျတယ်။ ဒါပေမဲ့ အဆုံးမှာ အဆင်မပြေဘူးလေ။ အားလုံးဟာ သူ့အကြောင်းနဲ့သူ ဖြစ်လာတာပါ။ ကျွန်မ အသည်းကွဲမနေဘူး။ ကျွန်မဘာသာ အဆင်ပြေနေတယ်" လို့ သူမက ပြောပါတယ်။

ဘဏ်မန်နေဂျာတစ်ဦးရဲ့သမီးဖြစ်တဲ့ ဒမ်မီဟာ အသက် ၁၈ နှစ်အရွယ်ကတည်းက အင်စတာဂရမ်မှာ ဓာတ်ပုံတွေတင်ခဲ့ကာ နာမည်ရနေသူ ဖြစ်ပါတယ်။

play

 

သူမဟာ အတွင်းခံမော်ဒယ်အလုပ်ကို တစိုက်မတ်မတ်လုပ်ဆောင်ဖို့ အမေရိကကို ပြောင်းပြီး နေထိုင်နေပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ