play

 

မော်ဒယ်တွေရဲ့ ဖက်ရှင်သစ်ဟာ မြွေတွေများ ဖြစ်လာသလားလို့ စဉ်းစားစရာကောင်းလာပါပြီ။ Complex မဂ္ဂဇင်းထဲက ဆိုဖီယာရစ်ချီရဲ့ပုံရိပ်တွေဟာလည်း မြွေကို ဖက်ရှင်အသုံးအဆောင်တစ်ခုလို ဆင်မြန်းထားလို့ပါပဲ။

play

 

ဂျက်စတင်ဘီဘာရဲ့အဆက်ဟောင်း မော်ဒယ်လေးက မြွေမျိုးစုံနဲ့ တစ်ကောင်ပြီးတစ်ကောင် ခန္ဓာကိုယ်ပေါ်တင်ကာ ကိုယ်ဟန်ပြထားပါတယ်။ သူမရဲ့ကလေးဆန်တဲ့ မျက်နှာထားကို မိတ်ကပ်ရင့်ရင့်နဲ့ ဖုံးကွယ်လိုက်ကာ ဆက်ဆီကျကျအဝတ်အစားတွေနဲ့ ခန္ဓာကိုယ်ကို လှစ်ဟပြထားတာလည်း တွေ့ရပါတယ်။ မြွေတွေက သူမကို ရစ်ပတ်ထားသည့်တိုင်အောင် ဆိုဖီယာကတော့ ဘာမှထူးထူးခြားခြား ခံစားရပုံမပေါ်ပါဘူး။

play

 

ဒါပေမဲ့ ဓာတ်ပုံရိုက်တုန်းက အရမ်းကိုကြောက်ခဲ့တယ်လို့ မဂ္ဂဇင်းအင်တာဗျူးထဲမှာ ဝန်ခံထားလေရဲ့။ ဆိုဖီယာရစ်ချီဟာ သူမရဲ့ပထမဆုံးမော်ဒယ်လျှောက်လမ်းအစကို Yeezy ဖက်ရှင်ရှိုးမှာ စတင်ခဲ့သူလည်းဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video