AD
AD
AD
play

 

၅၉ ကြိမ်မြောက် ဂရမ်မီဆုအတွက် ဆန်ခါတင်စာရင်းဟာ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အဒဲလ်နဲ့ ဘီယွန်းဆေး နှစ်ဦးစလုံးဟာ တစ်နှစ်တာအကောင်းဆုံးသီချင်းဆု၊ အကောင်းဆုံးသီချင်းဆုနဲ့ အကောင်းဆုံးအယ်လ်ဘမ်ဆုတို့အတွက် လျာထားခံထားရပါတယ်။

ဆန်ခါတင်စာရင်းကို ဂီတလောကသား ၁၃,၀၀၀ ခန့်ရဲ့ မဲပေးမှုနဲ့ သီချင်း ၂၁,၀၀၀ ကျော်ထဲကနေ ရွေးချယ်ထားတာဖြစ်ပါတယ်။ ဘီယွန်းဆေးနဲ့ အဒဲလ်ရဲ့အောင်မြင်မှုက ဂီတလောကကို ဆက်လက်တောက်ပနေအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

play

 

အကောင်းဆုံးသီချင်းဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ထားတာက အဒဲလ်ရဲ့ "Hello"၊ ဘီယွန်းဆေးရဲ့ "Formation"၊ လူးကက်စ်ဂရေဟမ်ရဲ့ "7 Years"၊ ရီဟားနား (Featuring ဒရိတ်) ရဲ့ "Work" နဲ့ Twenty One Pilots ရဲ့ "Stressed Out" တို့ ဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆုမှာတော့ အဒဲလ်ရဲ့ "25"၊ ဘီယွန်းဆေးရဲ့ "Lemonade"၊ ဒရိတ်ခ်ရဲ့ "Views"၊ ဂျက်စတင်ဘီဘာရဲ့ "Purpose" နဲ့ စတာဂျဲလ်ဆင်ပ်န်ရဲ့ "A Sailor's Guide to Eart" တို့က ဆန်ခါတင်စာရင်း ဝင်ထားပါတယ်။

play

 

ဘီယွန်းဆေးက ဆန်ခါတင်စာရင်းမှာ ၉ ခုဝင်ပြီး အများဆုံးဆန်ခါတင်စာရင်းဝင်ဖြစ်ကာ သူမရဲ့ နောက်မှာမှ ကာညေးဝက်စ်၊ ဒရိတ်ခ်နဲ့ ရီဟားနားတို့က ၈ ခုစီ စာရင်းဝင်ထားပါတယ်။

ဘီယွန်းဆေးဟာ ဂရမ်မီဆန်ခါတင်စာရင်းဝင်ခဲ့တာ စုစုပေါင်း ၆၂ ဆုရှိပြီး ဆန်ခါတင်ဆု အများဆုံးဝင် အမျိုးသမီးအဆိုတော်လည်း ဖြစ်ပါတယ်။

အဒဲလ်က ယခုအချိန်အထိ ဂရမ်မီ ၁၀ ဆု ရရှိထားပြီး ဘီယွန်းဆေးကတော့ ဂရမ်မီဆု ၂၀ ရရှိထားကာ ဂရမ်မီသမိုင်းမှာ ဆုရရှိမှု ဒုတိယအများဆုံး အမျိုးသမီးလည်း ဖြစ်ပါတယ်။

Source & Photos : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD