International Celebrity: ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘက်ခမ်း မကောင်းကြောင်းတွေကို ပြောခဲ့တဲ့ ခရုစ်ဘက်ခမ်း

ခရုစ်ဘက်ခမ်းက သူ့ရဲ့နာမည်ကျော်မိဘတွေရဲ့ လျှို့ဝှက်ချက်ကြီးတွေကို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီဇင်ဘာလ ၇ ရက်နေ့ မနက်မှာ Capital Radio ကနေ ခရုစ်ဘက်ခမ်းရဲ့ ပထမဆုံးသီချင်း If Every Day Was Christmas ကို ထုတ်လွှင့်ခဲ့ပြီးနောက်မှာ အသက် ၁၁ နှစ်အရွယ် ခရုစ်က မိဘနှစ်ပါးကို ကဲ့ရဲ့ပြောဆိုခဲ့ပါတယ်။

Mr and Mrs အစီအစဉ်မှာ ဒေးဗစ်ဘက်ခမ်းရဲ့ သားထွေးက ကမ္ဘာ့နာမည်အကြီးဆုံး စုံတွဲရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။

play

 

အစီအစဉ်အမှူး ဒေ့ဗ်က အပြင်ထွက်ဖို့အတွက် ပြင်ဆင်တဲ့အခါ ဘယ်သူအကြာဆုံးလဲဆိုတဲ့ မေးခွန်းကို အမေပေါ့လို့ ခရုစ်က ဖြေခဲ့ပါတယ်။

"အမေက ၁၀ နာရီလောက်ကြတယ်။ အဖေက ၁၀ မိနစ်လောက် အချိန်ယူတယ်" လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အိမ်မှာ ဘယ်သူအဆဲဆိုဆုံးလဲဆိုတဲ့ မေးခွန်းကို ခရုစ်က "ရာနှုန်းပြည့် အမေပဲပေါ့" လို့ ဖြေခဲ့ပါတယ်။

play

 

နောက်ပြီး ဘယ်သူက အရှက်ခွဲဆုံးလဲဆိုတဲ့ မေးခွန်းကိုလည်း ခရုစ်က ဖြေဖို့ မတွန့်ဆုတ်ခဲ့ပါဘူး။

"အဲဒါကတော့ အဖေပဲ။ သူက အရှက်ရအောင် အရမ်းလုပ်တယ်" လို့ အသက် ၁၁ နှစ်အရွယ် ကောင်လေးက ပြောခဲ့ပါတယ်။

play

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ