International Celebrity: အင်္ဂလန်ဘောလုံးသမားဟောင်း ဂက်ဂွိုင်းရဲ့သမီး ရိုက်ကူးလိုက်တဲ့ ညှို့အားပြင်းဓာတ်ပုံများ

ပေါလ်ဂတ်စ်ကွိုင်းရဲ့ မွေးစားသမီး ဖြစ်ပါတယ်။

play

 

အင်္ဂလန် ကြယ်ပွင့်ဘောလုံးသမားဟောင်း ပေါလ်ဂတ်စ်ကွိုင်းရဲ့ သမီးဖြစ်သူ မော်ဒယ် ဘီယန်ကာဂတ်စ်ကွိုင်းဟာ ပုရိသတွေ ရင်ခုန်နှုန်းမြန်စေမယ့် ဓာတ်ပုံတွေကို ဝေမျှလိုက်ပါတယ်။

play
အဖေဖြစ်သူ ပေါလ်ဂတ်စ်ကွိုင်းနှင့် သမီးဖြစ်သူ ဘီယန်ကာ

 

ဘီယန်ကာရဲ့ ညှို့အားပြင်းဓာတ်ပုံတွေမှာ အပေါ်အင်္ကျီအဝတ်အစား လုံးဝမပါအဝင်ခဲ့ပဲ အတွင်းခံတွေနဲ့သာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အထူးသဖြင့် သူမရဲ့ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ ရိုက်ချက်တွေဖြစ်ပြီး ကြမ်းပြင်းမှာ လှဲကာ လက်နှစ်ဖက်က ခေါင်းအပေါ်ကို တင်ထားတဲ့ ဓာတ်ပုံလည်း ပါဝင်ခဲ့ပါတယ်။ ဘီယန်ကာဟာ Love Island မှာပါဝင်ပြီးနောက် ပိုနာမည်ကြီးလာသူလည်း ဖြစ်ပါတယ်။

play

 

နောက်ထပ် ဆိုဖာခုံပေါ်မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံမှာဆိုရင် သူမရဲ့အပေါ်အတွင်းခံအင်္ကျီတောင် မပါဝင်ခဲ့ပဲ အပေါ်ပိုင်းကို အရှက်လုံရုံသာ လက်နဲ့ ကွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဘီယန်ကာ ဂတ်စ်ကွိုင်းဟာ မကြာခင်အသစ်ရိုက်ကူးမယ့် ဗြိတိန်ရဲ့ Celerity Big Brother အစီအစဉ်မှာ ပါဝင်ဖို့ စာချုပ်ချုပ်ဆိုထားတယ်လို့လည်း ကောလာဟလတွေ ထွက်လျှက်ရှိပါတယ်။

play

 

သူမရဲ့ ပထွေးဖြစ်သူ ဘောလုံးသမားဟောင်းပေါလ်ဂတ်စ်ကွိုင်းဟာ လက်ရှိမှာ မူးယစ်ဆေးစွဲနေသူဖြစ်ပြီး ကျန်းမာရေး ပြဿနာအချို့လည်း ရှိနေသူဖြစ်ပါတယ်။ အရင်ကလည်း နှစ်ပေါင်း ၂၀ လောက်အရက်စွဲလို့ ဒုက္ခရောက်ခဲ့ရသူ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ