International Celebrity: ပထမဆုံးအကြိမ်အဖြစ် ဂရမ်မီဆန်ခါတင်စာရင်းမှာ ပါလို့ ပျော်နေတဲ့ ဒမ်မီလိုဗာတို

, updated

ဒီသတင်းကို တွစ်တာကနေ သူမကိုယ်တိုင် ဝမ်းသာအားရပြောခဲ့ပါတယ်။

play

 

ဒမ်မီလိုဗာတိုဟာ သူမရဲ့နောက်ဆုံးထုတ် အယ်လ်ဘမ် Confident နဲ့ ပထမဆုံးအကြိမ် ဂရမ်မီဆန်ခါတင်စာရင်း ဝင်ကြောင်း သိလိုက်ရချိန်မှာ သူမရဲ့စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်ခဲ့ပါဘူး။

၂၀၁၅ ခုနှစ်မှာ ထုတ်ခဲ့တဲ့ သူမရဲ့အယ်လ်ဘမ်အတွက် Best Pop Vocal Album ဆုမှာ လျာထားခံလိုက်လိုက်ရတာဟာ သူမရဲ့ သမိုင်းမှတ်တိုင်တစ်ခုပါပဲ။

play

 

"အံ့သြဝမ်းသာစရာအကောင်းဆုံး သတင်းနဲ့ နိုးလာခဲ့တယ်။ ကျေးဇူးအများကြီးတင်ပါတယ် @RecordingAcad!!!!!!!!!!!!!! #GrammyNominations" လို့ သူမက တွစ်တာမှာ ရေးသားခဲ့တာပါ။

ဒမ်မီဟာ ယင်းဆုအတွက် အဒဲလ်၊ ဆီရာ၊ ဂျက်စတင်ဘီဘာနဲ့ အေရီရာနာရန်ဒီတို့နဲ့အတူ လျာထားခံရတာဖြစ်တဲ့အတွက် မျှော်လင့်ချက်က သိပ်ပြီး အားမကောင်းလှပေမဲ့ Recording Academy ရဲ့ တရားဝင်အသိအမှတ်ပြုမှုကို ခံရတာနဲ့တင် ဂုဏ်ယူလှပါပြီလို့ သူမက ပြောခဲ့ပါတယ်။

play

 

"ကျွန်မ ဂရမ်မီဆုအတွက် ဆန်ခါတင်စာရင်းမှာပါလာတာ မယုံနိုင်သေးဘူး။ ကျွန်မ ဘယ်လောက်ကျေးဇူးတင်နေတယ်၊ ဘယ်လောက်ပျော်နေတယ်ဆိုတာ ရှင်တို့တွေ တွေးတောင် တွေးတတ်မှာမဟုတ်ဘူး" လို့ သူမက ဝမ်းသာမှုကို မဖုံးနိုင်မဖိနိုင် ရေးသားခဲ့ပါတယ်။

ှSource & Photos : Rad

ဒမ်မီလိုဗာတိုကို ဂရမ်မီဆု ရစေချင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ