International Celebrity: အရေးပေါ်ကြားနာပေးဖို့ ဘရတ်ပစ်ရဲ့တောင်းဆိုချက်ကို တရားရုံးပယ်ချ

အန်ဂျလီနာဂျိုလီနဲ့ ရင်ဆိုင်နေရတဲ့အမှုအတွက် ဘရတ်ပစ်က တောင်းဆိုလိုတာပါ။

play

 

ဟောလိဝုဒ်မင်းသားကြီး ဘရတ်ပစ်က ဇနီးဟောင်းနဲ့ ရင်ဆိုင်နေရတဲ့အမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို လျှို့ဝှက်ပေးဖို့ တရားရုံးကို တောင်းဆိုချင်တာဖြစ်ပါတယ်။

အန်ဂျလီနာဂျိုလီနဲ့ ရင်ဆိုင်နေတဲ့ ကလေးတွေကိုထိန်းသိမ်းစောင့်ရှောက်ခွင့် အမှုကို လျှို့ဝှက်ပေးဖို့ တောင်းဆိုချင်တဲ့အတွက် အရေးပေါ်ကြားနာပေးပါရန် ဘရတ်ပစ်ရဲ့ တောင်းဆိုချက်ကို ဒီဇင်ဘာလ ၇ ရက်နေ့က တရားသူကြီးက ပယ်ချလိုက်ပါတယ်။

ဒါကြောင့် ယင်းလျှောက်ထားချက်ကို တရားရုံးက ကြားနာစစ်ဆေးပေးဖို့အတွက် ဘရတ်ပစ်က ဇန်နဝါရီလအထိ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

ဘရတ်ပစ်ရဲ့လျှောက်ထားချက်က လိုအပ်ချက်တွေ မပြည့်မီတဲ့အတွက် လော့ဆန်းဂျလိစ် တရားရုံးချုပ် Richard J. Burdge Jr. က ပယ်ချလိုက်တာ ဖြစ်ပါတယ်။

play

 

ဘရက်ပစ် ဒီလို လျှောက်ထားတာဟာ သူ့အတွက်သာဖြစ်ပြီး ကလေးတွေအတွက် မဟုတ်ဘူးလို့ အန်ဂျလီနာရဲ့ရှေ့နေတွေက တရားရုံးကိုတင်ပြတဲ့ အမှုတွဲထဲမှာ ရေးသားထားပါတယ်။

"သူ့ရဲ့တောင်းဆိုမှုဟာ လူတွေရဲ့အမြင်ကနေ သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားခြင်းသာ ဖြစ်ပြီး ကလေးတွေအတွက်မဟုတ်ပါဘူး" လို့ ရေးသားထားပါတယ်။

အခုတော့ စာရွက်စာတမ်းတွေကို လုံခြုံစွာ ပိတ်သိမ်းထားပေးဖို့အတွက် တောင်းဆိုချင်တဲ့ ဘရတ်ပစ်ဟာ နောက်တစ်ကြိမ် ကြားနာမှု ပြုလုပ်မယ့် ဇန်နဝါရီလ ၁၇ ရက်နေ့အထိ စောင့်ရတော့မှာ ဖြစ်ပါတယ်။

ဘရတ်ပစ်နဲ့ ဂျိုလီမှာ စုစုပေါင်း ကလေး ၆ ဦး ရှိပြီး သူတို့နှစ်ဦးစလုံးက ကလေးအားလုံးကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ရဖို့ တရားရင်ဆိုင်နေကြတာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ဘယ်သူ့ကို ရစေချင်ပါသလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ