International Celebrity: ကင်မ်ကာဒါရှီယန်က ကာညေးဝက်စ်ကို ကွာရှင်းချင်နေတယ်လို့ဆို

ငွေအမြောက်အများ အကုန်ကျခံပြီး လက်ထပ်ပွဲဆင်နွှဲခဲ့တာ ၂နှစ်ကျော်ပဲရှိပါသေးတယ်။

play

 

အနုပညာရှင်တွေရဲ့ အတွင်းရေးတွေကို ဖော်ထုတ်ရေးသားလေ့ရှိတဲ့ Us Weekly က ဒီတစ်ကြိမ်မှာလည်း ကင်မ်ကာဒါရှီယန်ရဲ့ တိတ်ဆိတ်နေမှုနောက်ကွယ်က အကြောင်းအရာကို ရေးသားလိုက်ပါတယ်။ အကိတ်ဆယ်လီကြီး ကင်မ်ကာဒါရှီယန်ဟာ ခင်ပွန်းသည် ကာညေးဝက်စ်ကို ကွာရှင်းချင်နေကြောင်း ကင်မ်ရဲ့သူငယ်ချင်းတစ်ဦးက ပြောလာခဲ့တယ်လို့ ဆိုပါတယ်။

play

 

ကင်မ်က ကာညေးကိုကွာရှင်းလိုရုံသာမက ကလေးနှစ်ဦးလုံးကိုပါ အုပ်ထိန်းခွင့် အပြည့်အဝရလိုတဲ့ဆန္ဒရှိနေတယ်လို့လည်း အဆိုပါသူငယ်ချင်းက ဆက်လက်ပြောပါသတဲ့။ လက်ရှိမှာလည်း ကင်မ်နဲ့ကာညေးတို့က တစ်အိမ်တည်းနေကြတာ မဟုတ်ပါဘူး။ ဆေးရုံမှာ ၁၀ ရက်တာ နေခဲ့ပြီးတဲ့နောက်မှာလည်း ကာညေးက အိမ်သီးသန့်ငှားပြီး နေထိုင်လျက်ရှိပါတယ်။ ကင်မ်ကလည်း အောက်တိုဘာ ၃ ရက်က ပါရီမှာဓားပြတိုက်ခံရပြီးနောက် လူမြင်ကွင်းကိုမထွက်ဘဲ နေခဲ့တာ ကြာပါပြီ။ ကင်မ်ဟာ ကာညေးနဲ့ပတ်သက်ပြီး ဂရုတစိုက်ရှိပေမဲ့ ထောင်ချောက်ထဲမိနေသလို ခံစားနေရတုန်းပဲလို့ ကင်မ်ရဲ့သူငယ်ချင်းက သတင်းပေးခဲ့ကြောင်း သတင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။

Source : Us Weekly

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ